Politics
ဦးပိုင်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းကို NUG က ပြည်သူပိုင်သိမ်းကြောင်း ထုတ်ပြန်
လွန်ခဲ့သော ၂ နှစ် က
ရန်ကုန်၊ ဒီဇင်ဘာ ၆။
စစ်ကောင်စီ၏ အဓိက ကျောထောက်နောက်ခံဖြစ်ပြီး စီးပွားရေးလုပ်ငန်းပေါင်းစုံကို လက်ဝါးကြီး အုပ်ချယ်လှယ်နေသော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေး ရှင်းတို့ကို အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ ပြည်သူပိုင်သိမ်းလိုက်ကြောင်း ယနေ့ထုတ်ပြန် သည်။
အကြမ်းဖက်အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုအားလုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ဃ) အရ အများပြည်သူအကျိုးစီးပွားအတွက် ထိန်းချုပ်စီမံခန့်ခွဲမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
အဆိုပါဦးပိုင်နှင့် MEC လုပ်ငန်းများမှရရှိသော ဘဏ္ဍာရန်ပုံငွေများ အမြတ်ခွဲဝေမှုဆိုင်ရာ အထောက် အထားများအရ စစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်နှင့် အရာရှိကြီးများအတွက်အကျိုးဖြစ် ထွန်းပြီး အောက်ခြေ စစ်သားများခံစားခွင့် နည်းပါးကြောင်းသိရသည်။
ယင်းကော်ပိုရေးရှင်းများမှရရှိသောအမြတ်ငွေများအသုံး ပြုကာစစ်ကောင်စီက ပြည်သူများအပေါ် အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိကြောင်း၊ ထို့အတွက်မြန်မာ့စီးပွားရေးဦးပိုင်လီမိတတ်နှင့် မြန်မာ့စီး ပွားရေးကော်ပိုရေးရှင်းတို့ကို အကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ကြောင်း NUG ကြေညာသည်။
အဆိုပါ လုပ်ငန်းနှစ်ခု၏ အောက်တွင် သယံဇတတူးဖော်ရေး၊ ဘဏ်လုပ်ငန်း၊ အကြီးဆုံး စားအုန်းဆီလုပ်ငန်း၊ တယ်လီကွန်၊ shopping center၊ စက်သုံးဆီရောင်းဝယ်ရေး၊ သံမဏိစက်ရုံ၊ ကုန်ထုတ်လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပါရှိသည်။