bap-logo
Politics

နိုင်ငံကူးလက်မှတ် QR code လျှောက်ထားမှု ရပ်ဆိုင်းပြန်

7yGinhyOiw-fDOG3_zhP0-image

လွန်ခဲ့သော ၂ နှစ် က

နိုင်ငံကူးလက်မှတ်လျှောက်ထားရန် ရယူရသည့် အွန်လိုင်းကြိုတင်ရက်ချိန်းစနစ်ကို မနက်ဖြန် ဒီဇင်ဘာလ ရက် မှ စတင်၍ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)က ယနေ့ ထုတ်ပြန်သည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရာတွင် ပွဲစားများမှ အဆမတန်သော နှုန်းထားများဖြင့် ကြိုတင်ရက်ချိန်းများ ရောင်းချခြင်း ဝယ်ယူခြင်းများရှိနေသဖြင့် အွန်လိုင်းရက်ချိန်းကြိုတင်ရယူမှု စနစ်အား ရပ်ဆိုင်းလိုက်ခြင်းဟု ဆိုသည်။

"ရက်ချိန်းရယူလိုသူတွေအနေနဲ့ ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီပတ်လုံး ပိတ်ရက်မရှိ လွယ်ကူစွာ လျှောက်ထားနိုင်ဖို့ Online Booking စနစ်ကို ပြင်ဆင်ရေးဆွဲနေပါတယ်" ဟု မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး (ရန်ကုန်)က ထုတ်ပြန်သည်။

သို့သော် Online Booking စနစ်သစ် စတင်အသုံးပြုနိုင်မည့်ရက်အား ထုတ်ပြန်ခြင်းမရှိသေးဘဲ ထပ်မံကြေညာ ပေးသွားမည်ဟု ဆိုသည်။

စနစ်ဟောင်းမှ QR Codeဖြင့် ရက်ချိန်းရယူထားပြီးသူများအနေဖြင့် ရက်ချိန်းရရှိထားသည့်နေ့ရက်များအတိုင်း ဆက်လက် အသုံးပြုနိုင်မည်ဖြစ်ကြောင်းဆိုသည်။

မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းအတွက် Online Booking စနစ်ဖြင့် QR Code ရယူ၍ ရက်ချိန်းရ ယူလျှောက်ထားခြင်းကို မတ်လ ရက်တွင် စတင်အသုံးပြုခဲ့ခြင်းဖြစ်သည်။

Burma Associated Press

 

မြန်မာ
နိုင်ငံကူးလက်မှတ်
ရန်ကုန်

Share With
bap-logo