bap-logo
Politics

အာဆီယံအထူးသံ မြန်မာနိုင်ငံသို့ တတိယအကြိမ် လာရောက်တော့မည်မဟုတ်

B6N-3crsKGGBrbUbDLNjx-image

လွန်ခဲ့သော ၃ နှစ် က

ဖနွမ်းပင် - ဒီဇင်ဘာ

 

မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်၊ နိုင်ငံခြားရေး၀န်ကြီး ပရက်ခ်ဆိုခွန်သည် ယခုလအကုန်တွင် ကမ္ဘောဒီးယား နိုင်ငံ၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်၍ ယခင် စီစဉ်ထားသည့်အတိုင်း မြန်မာနိုင်ငံသို့ တတိယအကြိမ် လာရောက်နိုင်တော့မည်မဟုတ်ကြောင်း သိရသည်။

 

သို့သော်လည်း ဆိုခွန် တတိယအကြိမ် မလာရောက်ခြင်းမှာ အာဆီယံဘုံသဘောတူညီချက် () ရပ်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်မှ တိုးတက်မှုတစုံတရာ ရရှိအောင်လုပ်မပြနိုင်ခြင်းနှင့် မကြာသေးမီက တက္ကသိုလ်ကျောင်းသား ခုနစ်ဦး သေဒဏ်ချမှတ်ခံရခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း လေ့လာသူများက ခန့်မှန်းကြသည်။

 

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ Luy David က Sokhonn သည် ဒီဇင်ဘာ ၁၄ ရက်တွင် ဘရပ်ဆဲလ်၌ ကျင်းပမည့် အာဆီယံ-အီးယူ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

 

"အချိန်တိုလွန်းတာကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံကို တတိအကြိမ် သွားရောက်နိုင်တော့မှာ မဟုတ်ဘူး။ ဒီအခွင့်အရေးကို နောက်နှစ် အာဆီယံအလှည့်ကျ တာဝန်ယူမယ့် အင်ဒိုနီးရှားအတွက် ချန်ထားခဲ့မှာပါ" ဟု ဒေးဗစ်က ပြောကြားခဲ့သည်။

 

"ကမ္ဘေားအနေနဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရာမှာ ကူညီဖို့ကြိုးစားခဲ့သလို အများကြီး လည်း အားထည့်လုပ်ဆောင်ပြီးပါပြီ။"

 

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Chum Sounry က စစ်ကောင်စီက ဘုံသဘောတူညီချက် () ချက် အကောင်အထည်ဖော်မည်ဆိုပါက ဆိုခွန်အနေဖြင့် အကျပ်အတည်းဖြေရှင်းရန် မြန်မာနိုင်ငံသို့ တတိယအ ကြိမ်သွားရောက်ရန် စီစဉ်ထားခဲ့ကြောင်း ပြောဆိုခဲ့သည်။

 

"၂၀၂၂ အာဆီယံဥက္ကဌအနေနဲ့ ကမ္ဘောဒီးယားဟာ ဘုံသဘောထားငါးရပ် အကောင်အထည်ဖော် ဆောင်ရွက်ရေး အတွက် ဆက်လက်ကြိုးပမ်းနေဦးမှာပါ။ ဒါ့ကြောင့် ယင်းအချက်နှင့်ပတ်သက်ပြီး တိုးတက်မှုတစုံတရာရှိပါက အာဆီယံဥက္ကဋ္ဌ အထူးသံတမန်အနေနဲ့ နှစ်အကုန်မှာ မြန်မာနိုင်ငံကို တတိယအကြိမ်သွားရောက်ဖို့ အသင့်အနေအထားမှာ ရှိနေပါတယ်" ဟု ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် ယခုနှစ်ဇန်နဝါရီလတွင် နေပြည်တော်သို့ သွားရောက်ခဲ့ပြီး အထူးသံတမန် ဆိုခွန်သည် မြန်မာနိုင်ငံသို့ မတ်လနှင့် ဇွန်လတွင် နှစ်ကြိမ် လာရောက်ခဲ့သည်။

 

Ref – The Khmer Times

 

ပုံစာ - မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန် ပရက်ခ်ဆိုခွန် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ်။

Burma Associated Press

 

သေဒဏ်
ဒဂုံတက္ကသိုလ်
တက္ကသိုလ်ကျောင်းသား
မြန်မာ
အာဆီယံ အထူးသံတမန်

Share With
bap-logo