bap-logo
Politics

၁၁ လအတွင်း ရိုဟင်ဂျာ ၁၀ ယောက်နှင့်အထက် အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ၃၉ ခုရှိ

cUNCkq-7wq_i6L66yA1on-image

လွန်ခဲ့သော ၃ နှစ် က

 

ရန်ကုန်၊ ဒီဇင်ဘာ ၅။

 

ရိုဟင်ဂျာတွေကို စစ်ကောင်စီဘက်က ဖမ်းဆီးထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး BAP က လစဥ် စုစည်းထားတဲ့ အချက် အလက်များအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလကုန်ထိ ၁၁ အတွင်း ရိုဟင်ဂျာ ၁၀ ယောက်နှင့်အထက် အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ၃၉ ခုရှိ ခဲ့ပါတယ်။

 

အဆိုပါ ဖမ်းဆီးခံရမှု ဖြစ်စဥ် ၃၉ ခုအတွင်း ဖမ်းဆီးခံရသူ ၁,၆၀၀ ကျော်ရှိပြီး အဲဒီထဲမှာ အမျိုးသမီးနဲ့ ကလေးငယ် အနည်းဆုံး ၅၀၀ ကျော် ပါဝင်ပါတယ်။ လူ ၁၀၀ ရာနဲ့အထက် ဖမ်းဆီးခံရမှုဖြစ်စဥ် ၃ ခုရှိပြီး လူ ၅၀ မှ ၁၀၀ ကြား ဖမ်းဆီးခံရမှုဖြစ်စဥ် ၁၂ ခုရှိပါတယ်။

 

အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရသူများမှာ ခေတ္တခရီးနားခိုနေတဲ့ နေအိမ်၊ ပင်လယ်ကမ်းစပ်နဲ့ တောစပ်တို့အပြင် စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။ ဧရာဝတီတိုင်းနဲ့ ရခိုင် ပြည်နယ်မှာ ဖမ်းဆီးခံရမှု အများဆုံးဖြစ်ပြီး ၁၁ ကြိမ်စီ ရှိခဲ့ပါတယ်။

 

ပြည်နယ်အတွင်း အလုပ်ကိုင်အခွင့်အလမ်း ရှားပါးမှုကြောင့် နေရပ်စွန်ခွာလာတဲ့ ရိုဟင်ဂျာတွေဟာ မကြာခဏ ဆိုသလို ဖမ်းဆီးခံရနေပါတယ်။ ဒါ့ပြင် တရားမဝင်ခရီးသွားလာမှုနဲ့ ထောင်ချအရေးယူ တာကိုလည်း ခံကြရပါတယ်။

 

ပုံစာ - အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ဖြစ်စဥ်တချို့မှပုံများ (ဓာတ်ပုံ- လူမှုကွန်ရက်)

Burma Associated Press

 

ရခိုင်
ဧရာဝတီ
မြန်မာ

Share With
bap-logo