Politics
ကျောင်းသားများအား သေဒဏ်ချမှတ်မှုတွင် ပါဝင်သူ များ တာဝန်ခံမှုရှိရေး ဆောင်ရွက်မည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဆို
လွန်ခဲ့သော ၂ နှစ် က
ရန်ကုန်၊ ဒီဇင်ဘာ ၂
ကျောင်းသားများအား သေဒဏ်ချမှတ်ရာတွင် ပါဝင်သော စစ်ကောင်စီလက်အောက်ခံ အားလုံးကို တာဝန်ယူ၊ တာဝန်ခံမှုရှိစေရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဆိုသည်။
ဒဂုံတက္ကသိုလ်မှ ကျောင်းသား ၇ ဦးကို စစ်ကောင်စီလက် အောက်ခံ စစ်ခုံရုံးမှ နိုဝင်ဘာ ၃၀ ရက်တွင် သေဒဏ်ချ မှတ်ခဲ့ခြင်းအပေါ်ကို ယင်းကဲ့သို့ တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျောင်းသားတွေကို သေဒဏ်ချမှတ်တာဟာ စစ်အုပ်စုက ၎င်းတို့ကို ဆန့်ကျင်သူ မှန်သမျှအပေါ် အလုံးစုံပျက် သုဉ်းတဲ့အထိ ကလဲ့စားချေလိုတဲ့အဓမ္မလုပ်ရပ်ဖြစ်တယ်" ဟု ဒဂုံတက္ကသိုလ် ကျောင်းသား များသမဂ္ဂက ဆိုသည်။
စစ်ကောင်စီသည် နိုင်ငံတော်အာဏာကိုမတရားရယူထားခြင်း ဖြစ်သဖြင့် ၎င်းတို့ ချမှတ်သည့် တရား စီရင်ရေးအမိန့်အာဏာသည်လည်း တရားဝင်မဟုတ်ကြောင်း သမဂ္ဂ က ပြောသည် ။
ထို့ပြင် သေဒဏ်ချမှတ်ခြင်းသည် လူ့အခွင့်အရေးနှင့်လူသားတစ်ဦး၏ အသက်ရှင်နေထိုင်ခွင့်အား ပြောင် ပြောင်တင်းတင်းချိုးဖောက်၍ အကြမ်းဖက်မှုကျူးလွန်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီ လက်အောက်ခံ တရားရုံး၊ တရားခွင်များနှင့် ဥပဒေစနစ်တစ်ခုလုံး၏ စိုးရိမ်ဖွယ် ပျက်စီးဆုတ်ယုတ်နေသည့် အခြေအနေကို မီးမောင်း ထိုးပြနေကြောင်း ယင်း သမဂ္ဂက ဆိုသည်။
ထိုသို့သော အခြေအနေ အပေါ် လူ့အခွင့်အရေးကိုတန်ဖိုးထားသော နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာ အဖွဲ့အ စည်းများအနေဖြင့် နည်းလမ်းပေါင်းစုံအသုံးပြု တားဆီးရန် နှင့် အကြမ်းဖက်စစ်အုပ်စုအပေါ် အရေးယူရန် သမဂ္ဂ က တောင်းဆိုထားသည် ။
အဆိုပါ ကျောင်းသား (၇) ဦးသည် ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ဧပြီလတွင်ဖြစ်ပွားခဲ့သော ကမ္ဘာ့ရတနာဘဏ်ပစ်ခတ်မှုဖြစ်စဉ်အား ကျူးလွန်ခဲ့သည်ဆိုကာ အမှုဖွင့် တရားစွဲ ဆိုခဲ့ခြင်း ဖြစ်သည်။
ပုံစာ။ စစ်ကောင်စီက သေဒဏ်ချမှတ်ခဲ့သည့် တက္ကသိုလ်ကျောင်းသား ၇ ဦး