bap-logo
Politics

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ထူးခြားထင်ရှား ကိန်းဂဏန်းများ

g_vNMuBMijDUz0EqOfyHW-image

လွန်ခဲ့သော ၂ နှစ် က

ထူးခြား

နိုင်ငံရေးအကျဉ်းသား ၄၀၂ ဦး

နိုဝင်ဘာ ၁၇ ရက်မှာ စစ်ကောင်စီက အကျဉ်းသား စုစုပေါင်း ,၇၇၄ ကို လွှတ်ပေးခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသား ၄၀၂ ဦးကို အတည်ပြုထားနိုင်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။

 

ထူးခြား

အိမ်ခြေ ၇၀၀ ကျော်

နိုဝင်ဘာ ၁၅ ရက်ကနေ ၂၇ ရက်နေ့ထိ ပတ်နီးပါးအတွင်း စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၂ ခုမှ နေအိမ်ပေါင်း ၇၀၀ ကျော်ကို စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့ပါတယ်။

 

ထူးခြား

သတင်းစာဆရာ ဦး

နိုဝင်ဘာလအတွင်း အလွတ်တန်း ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်နဲ့ သတင်းထောက် မသူဇာတို့ ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ ပြည်တွင်းနဲ့ ပြည်ပက သတင်းထောက် ၄၀ နီးပါးကို စစ်ကောင်စီရဲ့ အထူးတရားရုံးတွေ ကနေ ထောင်ဒဏ်များ ချမှတ်ထားပြီး ဖြစ်ပါတယ်။

 

ထူးခြား

ယူရို .၃သန်း

မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပံ့ပိုးပေးနိုင်ဖို့အတွက် ဂျာမနီက ယူရို . သန်း ထောက်ပံ့မယ်လို့ German Embassy Yangon က ထုတ်ပြန်ထားပါတယ်။

 

ထူးခြား

လူဦးရေ ၅၀,၀၀၀ ကျော်

ကျူးကျော်မြေဆိုပြီး ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဥ်းမပင်ကျေးရွာအုပ်စုအတွင်းရှိ ရပ်ကွက်ငါးခုမှ နေအိမ် များကို စစ်ကောင်စီက ဖြိုဖျက်နေတာကြောင့် အဲဒီရပ်ကွက်တွေမှာ နေထိုင်တဲ့ လူဦးရေ ၅၀,၀၀၀ ကျော်ဟာ ပြောင်းရွေ့ခဲ့ကြရပါတယ်။

Burma Associated Press

ယူရို
သတင်းထောက်
ရွှေဘို
အကျဉ်းသား
စစ်ကိုင်း

Share With
bap-logo