Politics
ခလယ် တံခွန်တိုင်တွင် ပြည်သူ ၅၀ ထက်မနည်းကို စစ်တပ်က ဖမ်းဆီးထား
လွန်ခဲ့သော ၃ နှစ် က
ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ၊ တပ်မဟာ ၆ နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ ခလယ်၊တံခွန်တိုင်ကျေးရွာတွင် တပ်စွဲထားသော စစ်တပ်က အမျိုးသမီးနှင့် ကလေးအပါအဝင် ပြည်သူ ၅၀ ထက်မနည်းကို ဒီဇင်ဘာ ၁ ရက်တွင် ဖမ်းဆီးထားကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ ကျေးရွာသို့ ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်ကတည်းက စစ်သားအင်အား ၂၀၀ ကျော် တက်လာ ခြင်းဖြစ်ပြီး “စတက်လာတဲ့ နေ့တုန်းကလည်း ဂိတ်စခန်းကို မီးရှို့သွားတာ၊ လမ်းမှာ တွေ့သမျှ ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးခေါ်ဆောင်သွားတယ်” ဒေသခံတစ်ဦးက ပြောသည်။
“လမ်းမှာ တွေ့သမျှလူတွေကို ဖမ်းသွားတာ၊ ဖုန်းမပါတဲ့ လူတွေကို ပြန်လွှတ်ပေးပြီးတော့ ပါတဲ့ လူတွေကို ဆက်ဖမ်းထားတယ်၊ ရိုက်တာ နှက်တာတော့ မကြားရဘူး၊ ကားသမားတွေကိုလည်း ဖမ်းသွားတယ်” ဟု ထိုသူက ပြောသည်။
ထို့အပြင် ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာအချို့ ကော့ကရိတ်မြို့အနီး တဝိုက်တွင် ပျံဝဲနေသည်ဟု သိရသည်။
အရပ်သား
ကေအဲန်ယူ
အမျိုးသမီး
ကလေးငယ်များ
ကရင်
Top News
Spyware ပါဝင်နေတဲ့ VPN တွေရဲ့ အန္တရာယ်
လွန်ခဲ့သော ၄ နာရီ က
မြန်မာကို အရေးယူပိတ်ဆို့မှု EU သက်တမ်းတိုး
လွန်ခဲ့သော ၆ ရက် က
အာဆီယံ၏ ကုန်ပစ္စည်းမူလဒေသ သတ်မှတ်ချက်ဆိုင်ရာ ပြဿနာ
လွန်ခဲ့သော ၁၅ ရက် က
Articles
Share With