Politics
ကရင်နီပြည် ပါလောင်းရွာအနီး ၅ ရက်ကြာတိုက်ပွဲတွင် စစ်ကောင်စီ တပ်ခွဲမှူးအဆင့် ရှိသူတစ်ဦးသေဆုံး
လွန်ခဲ့သော ၂ နှစ် က
ကရင်နီ၊ ဒီဇင်ဘာ ၅
ကရင်နီပြည်ရှိ ပါလောင်းရွာအနီးဝန်းကျင်တွင်စစ်ကောင်စီတပ်နှင့် KA/KNDF (တပ် ပေါင်းစု) များ ၅ ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီဘက်မှသေဆုံးမှုများ ရှိခဲ့ကြောင်း KNDF - တပ်ရင်း (၂) သိရသည်။
စစ်ကောင်စီဘက်မှသေဆုံးသည့်အလောင်းများတွင် တပ်မ ၆၆ လက်အောက်ခံတပ်ရင်း ခမရ ၁၀၈ မှတပ်ခွဲမှူးအဆင့်ရှိသူ ၁ဦးပါဝင်ကြောင်း ယင်းအဖွဲ့ကထုတ်ပြန်ခဲ့သည်။
အဆိုပါ ပါလောင်းကျေးရွာအနီးတွင် နိုဝင်ဘာ ၂၄၊ ၂၅၊ ၂၆၊ ၂၇ နှင့် ၂၉ ရက်များတွင် နှစ်ဘက်တိုက်ပွဲ များပြင်ထန်စွာဖြစ်ပွားခဲ့ကြောင်းသိရသည်။
နိုဝင်ဘာ ၂၄ ရက်တွင် ပါလောင်းရွာအတွင်းရှိဆေးခန်းနှင့် ဘုန်းကြီးကျောင်းများတွင် လာရောက်တပ် စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်များက သွားရောက်ပစ်ခတ်ခဲ့ရာ တိုက်ပွဲမှာ တစ်နေကုန်နီးပါးကြာမြင့်ခဲ့ပြီး၊ စစ်ကောင်စီတပ်မှ အထိနာခဲ့ပြီး ပါလောင်းရွာပြင်အစပ်သို့ ပြောင်းရွေ့ တပ်ဆုတ်သွားခဲ့သည်။
ထို့နောက် နိုဝင်ဘာ ၂၅ တွင်အဆိုပါစစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်များ ၄ နာရီကြာ ထပ်မံတိုက် ပွဲဖြစ်ပွားခဲ့ပြီး၊ တိုက်ပွဲတွင်လွိုင်ကော်အခြေစိုက်တပ် ခလရ(၂၅၀)မှ လက်နက်ကြီးပစ်ကူ (၁၅) ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည့်အတွက် ကျေးရွာအတွင်း လူနေအိမ်အများအပြားပျက်စီးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၆ ရက်တွင် ပါလောင်းရွာအရှေ့ဘက်ရှိ ဒေါတယို့ရွာသစ်နှင့်ရွာဟောင်း ကြားတွင် ထပ်မံ ပြောင်းရွေ့ တပ်စွဲထားသောစစ်ကောင်စီတပ်ကိုတပ်ပေါင်းစုများမှ မနက်ပိုင်းတွင် သွားရောက်ပစ် ခတ်ခဲ့ကာ ၁ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ နိုဝင်ဘာ ၂၇ ရက်တွင်လည်းယင်းစစ်ကြောင်းနှင့် တပ်ပေါင်းစုများထပ်မံထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။
နိုဝင်ဘာ ၂၉ ရက်တွင်ပါလောင်းရွာ အနောက်ဘက်တောင်ပေါ်တွင်နေရာယူထား သောစစ်ကောင်စီ တပ်နှင့် တပ်ပေါင်းစုများထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သည်။
ယင်းပေါင်းလောင်းကျေးရွာနှင့်ဝန်းကျင်တွင် (၅) ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်ပေါင်းစုဘက်မှ ရဲဘော် ၆ ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ စစ်ကောင်စီတပ်မှ မျက်မြင်တွေ့ရှိသူ ၅ ဦး သေဆုံးပြီး ဒီထက်ပိုသောထိခိုက်ကျဆုံးမှုများလည်း ရှိနိုင်ကြောင်းသိရသည်။
" အကြမ်းဖက်စစ်ကောင်စီရဲ့ ရိက္ခာပို့လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ပါလောင်းကျေးရွာနဲ့ဒေါတယို့ကျေး ရွာတို့တွင်တိုက်ပွဲ အချိန်မရွေးဖြစ်ပွားနိုင်တဲ့အတွက် ကျေးရွာနေ ပြည်သူအများအပြား အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေကြရဆဲဖြစ်တယ်" ဟု KNDF - တပ်ရင်း (၂) မှဆိုသည်။
Photo Credit- KNDF Battalion-02