Politics
မန္တလေးတွင် ခြင်းခတ်နေသည့် စစ်သားများကို ဗုံးဖြင့်တိုက်ခိုက်ခဲ့ဟု ပကဖထုတ်ပြန်
လွန်ခဲ့သော ၂ နှစ် က
မန္တလေး၊ ဒီဇင်ဘာ - ၈
မန္တလေး မဟာအောင်မြေမြို့နယ်တွင် ခြင်းခတ်နေသည့် စစ်သားတစ်စုကို ဗုံးဖြင့်တိုက်ခိုက်ခဲ့ပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ယင်းတိုက်ခိုက်မှုကိုလုပ်ဆောင်သည့် STF-MDY ပြောက်ကျား အဖွဲ့က ထုတ်ပြန်သည်။
ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ၂၆ လမ်း နှင့် ၃၅ လမ်းကြားရှိ ဒေးဝန်း အနောက်ထင်းဝင်း ရပ်ကွက်ရုံးတွင် ခြင်းခတ်နေသည့် စစ်အုပ်စု အဖွဲ့ ဗုံးဖြင့်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း ဆိုထားခြင်းဖြစ်သည်။
ယင်းနောက် ဒဏ်ရာ ရနေသည့်စစ်အုပ်စုအဖွဲ့များကို လူနာတင်ယာဥ်နှစ်စီးဖြင့် လာရောက်ခေါ်ဆောင် သွားကြောင်း၊ စစ်အုပ်စုက သေနတ်ဖြင့် အချက် ၂၀ ခန့်ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ယင်းကဆိုသည်။
" ပေါက်ကွဲသံတော့ ကြားလိုက်ရတယ်။ အဲဒီနောက်သေနတ်သံလည်းကြားတယ်။ ပြီးတော့စစ်အုပ်စုက လမ်းပိတ်စစ်ဆေးတာတွေလုပ်တယ် " ဟု ယင်းအနီးနေထိုင်သူ တဦးက BAP ကိုအတည်ပြုပြောသည်။
တိုက်ခိုက်မှုအပြီး STF-MDY အဖွဲ့သားများအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ပြည်သူလုထု အနေဖြင့် စစ်အုပ်စုနှင့် အနီးကပ်မနေထိုင်ကြရန် ယင်းအဖွဲ့က ဆိုထားသည်။
Burma Associated Press
Related Articles
- ကိုလင်းထက်နိုင် ခေါ် ကိုဂျိမ်းအား စစ်ကောင်စီ ထောင် ၃ နှစ်ချ
- ဆားလင်းကြီးတွင် စစ်တပ်ကို MRDA ပူးပေါင်းအဖွဲ့ကတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၈ ဦးခန့် သေဆုံးဟုဆို
- ဒီပဲယင်းမြို့တွင် နေအိမ်များသာမက ဘုန်းကြီးကျောင်းများပါ စစ်ကောင်စီ မီးရှို့ဖျက်ဆီး
- ကန့်ဘလူ၌ နိုဝင်ဘာလအတွင်း စစ်ကောင်စီ သတ်ဖြတ်၍ သေဆုံးခဲ့သူ ၁၄ ဦးတွင် ကလေးငယ်နှစ်ဦး ပါဝင်