Politics
ကန့်ဘလူ၌ နိုဝင်ဘာလအတွင်း စစ်ကောင်စီ သတ်ဖြတ်၍ သေဆုံးခဲ့သူ ၁၄ ဦးတွင် ကလေးငယ်နှစ်ဦး ပါဝင်
လွန်ခဲ့သော ၂ နှစ် က
စစ်ကိုင်း၊ ဒီဇင်ဘာ ၈
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၌ နိုဝင်ဘာလအတွင်း စစ်ကောင်စီနှင့် ပျူစောထီးများ စစ်ကြောင်းထိုး ချိန်တွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသူ ၁၄ ဦးရှိပြီး ယင်းတွင် ကလေးသူငယ်နှစ်ဦး ပါဝင်ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ၃၆၃ သည် နိုဝင် ဘာ ၃ ရက်တွင် လျော်ဖြူကုန်းနှင့် ဇီးကနားရွာများမှ ရွာသား ၁၄ ဦးဖမ်းပြီးနောက် ၆ ရက်တွင်အစုလိုက် အပြုံလိုက်သတ် ဖြတ်လိုက်ရာတွင် ၁၃ နှစ်နှင့် ၁၇ နှစ်အရွယ် ကလေးသူငယ်များပါဝင်ခဲ့ခြင်းဖြစ် သည်။
ထို့ပြင် ကန့်လဘူမြို့နယ်တွင် နိုဝင်ဘာတစ်လအ တွင်း ရွာသားများဖမ်းဆီးခံရပြီး သတ်ဖြတ်ခံမှုပေါင်း ၁၈ ကြိမ်ဖြစ်ပွားခဲ့ကာ အရှင်လတ်လတ်မီးရှို့ရမှု ၅ ကြိမ်နှင့် လက် နက်ကြီးကျည်ထိမှန်သေဆုံးမှု နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။
ယင်းအပြင် စစ်ကောင်စီထောင်ခဲ့သော မိုင်းနင်းမိ၍ ပင့်သာရွာမှ အသက် ၅၁ နှစ်အရွယ် အမျိုးသား တစ်ဦး ခြေထောက်ထိခိုက်ခဲ့သည်။
စစ်ကောင်စီနှင့် ပျူစောထီးများသည် ကျေးရွာများကိုမီးရှို့ဖျက်ဆီးသည့်အပြင် မြေမြှုပ်မိုင်းထောင်ကာ ရွာ သားများအန္တရာယ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိလုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကျွန်းလှတက်ကြွ လှုပ်ရှားသူ များအဖွဲ့က ဆိုသည်။
ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီနှင့်ပျူစောထီးများ စစ်ကြောင်းထိုး သည့်ရွာများကို မီးရှို့ဖျက်ဆီးသွားရာတွင် ကျေးရွာ ၁၃ ရွာမှ ပြည်သူပိုင်နေအိမ်ပေါင်း ၈၉၅ လုံးမီးရှို့ခံခဲ့ရပြီး ၃၁၂ အိမ် မီးလောင်ပြာကျခဲ့ကြောင်းသိရသည်။
ထို့ပြင် ဘာသာရေးအဆောက်အအုံများဖြစ်သည့် ဗလီ ၂ ခု နှင့် ဆွမ်းစာဆောင် ၁ ဆောင်အပါအဝင် စာသင် ကျောင်းများ၊ ဘူတာရုံများမီးရှို့ဖျက်ဆီးခံရကြောင်း ကျွန်းလှ - ကန့်ဘလူတက်ကြွ လှုပ်ရှား သူများအဖွဲ့က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် တောထဲ စစ်ဘေးတိမ်းရှောင်နေစဉ်ကာလအတွင်း မြွေကိုက်ခံ ရသည့် ရွာသားခြောက်ဦးရှိကြောင်း ဆိုသည်။
ပုံစာ။ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ်အ ပျက်အစီးများ
ဓာတ်ပုံ။ ကျွန်းလှ - ကန့်ဘလူတတ်ကြွလှုပ်ရှားသူများအ ဖွဲ့