Politics
အင်တိုင်းရွာရှိ နေအိမ် ၂၇၀ ကျော်မီးရှို့ဖျက်ဆီးခံရ
လွန်ခဲ့သော ၂ နှစ် က
စစ်ကိုင်း၊ ဒီဇင်ဘာ ၈
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ အင်တိုင်းရွာရှိနေအိမ် ၂၇၀ ကျော်ကို စစ်ကောင်စီနှင့်ပျူစောထီးများ ပူးပေါင်းပြီး ဒီဇင်ဘာ ၆ ရက်တွင် မီးရှို့ဖျက်ဆီးသွားကြောင်း ကျွန်းလှတတ်ကြွရှားသူများအဖွဲ့ထံမှ သိရသည်။
စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ၃၆၁နှင့် နောက်လိုက်နောက်ပါပျူစောထီးများပါဝင်သော စုစုပေါင်း အင်အား ၂၀၀ ကျော်ဖြင့် အင်တိုင်းရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ပြီးနောက် နေအိမ်များအား မီးရှို့ ဖျက်ဆီးသွားခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
စစ်ကောင်စီ၏ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်ရပြီး နေအိမ်များ မီးရှို့သွား၍ ပြည်သူပိုင်နေအိမ် ၁၄၃ လုံးမီးလောင်ပြာကျသွားကြောင်းဆိုသည်။
ထို့ပြင် အင်တိုင်းရွာမှစစ်ကောင်စီ စစ်ကြောင်းထွက်သွားသော်လည်း ကျေးရွာထဲတွင် မိုင်းထောင် ထားသဖြင့် မြေမြှုပ်မိုင်း အန္တရာယ်စိုးရိမ်၍ ရွာသားများရွာထဲပြန်မဝင်သေးကြောင်း သိရသည်။
အဆိုပါစစ်ကြောင်းသည် ဒီဇင်ဘာ ၇ ရက်တွင် သဖန်းဆိပ်ဆင်စွယ်စခန်းရောက်ရှိနေကြာင်း သိရသည်။
ပုံစာ။ မီးလောင်ပြာကျသွားသည့် အင်းတိုင်ရွာ နေအိမ်များ
ဓာတ်ပုံ ။ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့