Politics
ကိုလင်းထက်နိုင် ခေါ် ကိုဂျိမ်းအား စစ်ကောင်စီ ထောင် ၃ နှစ်ချ
လွန်ခဲ့သော ၂ နှစ် က
ရန်ကုန် ၊ ဒီဇင်ဘာ ၇။
ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်း တက်ကြွလှုပ် ရှားသူ ကိုလင်းထက်နိုင် ခေါ် ကိုဂျိမ်းအား ယနေ့ အင်းစိန်ထောင်တွင်း တရားရုံးမှ ပုဒ်မ ၅၀၅-က ဖြင့် ထောင် ဒဏ် ၃ နှစ် ချမှတ်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူအချို့က ပြောသည်။
ကိုလင်းထက်နိုင်အား ၂၀၂၂ ခုနှစ် ဇွန်လအတွင်းတွင် စစ်ကောင်စီတပ်မှ ဗိုလ်တထောင်မြို့နယ်အတွင်း ဖမ်း ဆီးခဲ့ပြီးနောက် ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ယင်းနောက် နိုဝင်ဘာလတွင် ပုဒ်မ ၅၀-ည ဖြင့် ထပ်မံတရားစွဲဆိုခဲ့သည်။
ယခု ပုဒ်မ ၅၀၅ -က ဖြင့် ထောင် ၃ နှစ်ချမှတ်လိုက်သော် လည်း ထပ်မံစွဲဆိုထားသည့် ပုဒ်မ ၅၀-ည ဖြင့် နောက်မှုဆက်လက်ရင်ဆိုင်ရဦးမည်ဟု မိသားစုဝင်နှင့် နီးစပ်သူ က ဆိုသည်။
ကိုလင်းထက်နိုင်သည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလကစတင်၍ နိုင်ငံရေးတက်ကြွလှုပ်ရှားမှု များကို လုပ်ဆောင်လာခဲ့သူဖြစ်သည်။