bap-logo
Local News

မိုင်းဘုန်းဆရာတော်က MDY - PDF ကိုအန္တရာယ်ကင်းအဆောင်များပေး

9XjQzFzsZ4h_LRD8Xxgln-image

လွန်ခဲ့သော ၂ နှစ် က

ဧပြီ - ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့တွင် အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF အဖွဲ့ဝင်များကို မိုင်းဘုန်းဆရာတော်က အန္တရာယ်ကင်း အဆောင်များ ပေးအပ်ခဲ့ကြောင်း MDY-PDFက ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ဧပြီလ (၁၁)ရက်နေ့တွင် မိုင်းဘုန်းဆရာတော်သည် တိုက်ပွဲဖြစ်ပွါးနေသော နေရာသို့ ဖြတ်သန်း သွားခဲ့ရာတိုက်ပွဲကို ခေတ္တရပ်နားပေးခဲ့ပြီး ဆရာတော် ဘေးကင်းရာဒေသသို့ ရောက်ရှိသည်အထိ လုံခြုံရေးယူ ပို့ဆောင်ပေးခဲ့ကြောင်း ဆိုထားသည်။

 

ထိုအပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ရဲဘော်များသည် မိုင်းဘုန်းဆရာတော်ဘုရားကြီးအား ဖူးခွင့်ရခဲ့ပြီး ဆရာတော်မှ တပ်ဖွဲ့ဝင်များကို အန္တရာယ်ကင်းအဆောင်များနှင့် မေတ္တာပို့ ဩဝါဒများ ချီးမြှင်ခဲ့ ကြောင်း ဆိုထားသည်။

 

Photos - MDY-PDF

 

Burma Associated Press

ပီဒီအက်ဖ်
ဘုန်းကြီး
မန္တလေး

Share With
bap-logo