bap-logo
Local News

သင်္ကြန်အတက်နှင့် နှစ်ဆန်းတစ်ရက်တွင် စစ်ကောင်စီထံမှ သိမ်းဆည်းရမိသည့် လက်နက်များ ကရင်နီ ပူးပေါင်းတပ်ဖွဲ့များထုတ်ပြ

plNFegpDtGDGlHC3xcaxZ-image

လွန်ခဲ့သော ၂ နှစ် က

ဧပြီ ၁၉။

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းတွင် ယခုလ ၁၆၊ ၁၇ ( သင်္ကြန်အတက်နှင့် နှစ်ဆန်း တစ်ရက်) နှစ်ရက်တာ တိုက်ပွဲ အတွင်း စစ်ကောင်စီထံမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့များက ထုတ်ပြ လာခဲ့သည်။

 

နှစ်ရက်တာ တိုက်ပွဲအတွင်း ကရင်နီတပ်မတော် KA မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟုလည်း ကရင်နီ သတင်း အချက်အလက် စင်တာထံမှသိရသည်။

 

တိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ အမြောက်အများ ပစ်ခတ်ခဲ့သည့်အပြင် ဧပြီလ ၁၇ နှင့် ၁၈ ရက်တို့တွင် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟုလည်း ဆိုသည်။

 

ကရင်နီ ပူးပေါင်းတပ်ဖွဲ့များ ဖြစ်ကြသည့် KA KNDF B/10 B/05 B/06 B/01 B/16 B/15 KNDF ETD လွိုင်ကော် PDF တို့မှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိမှုများ ရှိနေပြီး စစ်ကောင်စီဖက်မှ သေဆုံးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရှိရသေးပေ။

 

ဓာတ်ပုံ - ဧပြီ ၁၆ - ၁၇ ရက်နေ့အတွင်း တိုက်ပွဲတွင် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ (ဓာတ်ပုံ - KnlC)

 

Burma Associated Press

ကရင်နီ
စစ်တပ်
ပဋိပက္ခ

Share With
bap-logo