bap-logo
Local News

မင်းတပ် ပန်းပါကျေးရွာ လေကြောင်းတိုက်ခံရပြီး အသက် ၄ နှစ်အရွယ်ကလေးအပါအဝင် သုံးဦး သေဆုံး

QlSkDAQ1RyF5PJS4rSiR7-image

လွန်ခဲ့သော ၂ နှစ် က

ဧပြီ ၁၇။

 

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပန်းပါကျေးရွာ လေကြောင်းတိုက်ခံရပြီး အသက် ၄ နှစ်အရွယ် ကလေးအပါအဝင် သုံးဦး သေဆုံးခဲ့သည်ဟု CDF-Mindat ထံမှသိရသည်။

 

စစ်ကောင်စီသည် မင်းတပ်မြို့နယ်၊ ပန်းပါရွာကို ဧပြီလ ၁၆ ရက် ညနေတွင် လေကြောင်းမှ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

 

ထိုတိုက်ခိုက်မှုကြောင့် အသက် နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အသက် ၁၇နှစ်နှင့် အသက် ၇၀ အရွယ်အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ရသည်။

 

ထို့အပြင် အမျိုးသား၊ အမျိုးသမီး ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် လုံး ပျက်စီးခဲ့ကြောင်းသိရသည်။

 

ပြည်သူတို့၏ အသက်၊ သွေး၊ ချွေး၊ အိုးအိမ်၊ စည်းစိမ်များ ဖျက်ဆီးခံရမှုအတွက် စစ်ကောင်စီ လေတပ်မိသားစုများ ပြန်လည်ပေးဆပ်ရလိမ့်မည်ဟုလည်း CDF-Mindat က အသိပေးထားသည်။

 

ဓာတ်ပုံ - CDF-Mindat

စစ်တပ်
လေကြောင်းတိုက်ခိုက်မှု
ချင်း

Share With
bap-logo