bap-logo
Local News

ချင်းလေကြောင်းတိုက်ခိုက်မှု ခရစ်ယာန် သင်းအုပ်၊ ကျောင်းအုပ်တို့အပါအဝင် အရပ်သား ၉ ဦး သေဆုံးခဲ့

z3nur7CoPsQ85q23PARHo-image

လွန်ခဲ့သော ၂ နှစ် က

ဧပြီ ၁၁။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ပေါ်သို့ စစ်ကောင်စီက ယမန်နေ့ ဧပြီလ ၁၀ ရက် နေ့လယ် ၁၁ နာရီ အချိန်တွင် လေကြောင်းမှတိုက်ခိုက်ခဲ့ရာ ခရစ်ယာန် သင်းအုပ်ဆရာတော်တစ်ပါး၊ ဖလမ်းမြို့နယ် ကြားကာလ ပညာရေး ဘုတ်အဖွဲ့လက်အောက်ရှိ ပြည်သူ့ကျောင်းမှ ကျောင်းအုပ်ဆရာကြီးတစ်ဦးတို့ အပါအဝင် အရပ်သား ပြည်သူ ဦး (ကျား- ၆၊ - ) ထိမှန်သေဆုံးခဲ့သည်ဟု ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီထံမှသိရသည်။

 

ထို့အပြင် အနည်းဆုံး () ဦး ပြင်းထန်စွာ ထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

 

ယင်းနေ့ ညနေ နာရီခန့်တွင် ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သော်လည်း လူထိခိုက် သေဆုံးမှု မရှိခဲ့ဟု ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီထံမှ သိရသည်။

 

စစ်ကောင်စီတပ်သည် ယခုလ ရက်တွင်လည်း ဖလမ်းမြို့နယ်၊ ရမ်ထလို ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် (၁၇) လုံးမီးလောင်ကျွမ်းပျက်စီးခဲ့သည်ဟုဆိုသည်။

 

ဓာတ်ပုံ - လူမှုကွန်ယက်

Burma Associated Press

ချင်း
လေကြောင်းတိုက်ခိုက်မှု
အရပ်သား
စစ်တပ်

Share With
bap-logo