bap-logo
Local News

အင်းတော်မြို့ နှစ်ရက်ကြာတိုက်ပွဲအတွင်း စစ်အုပ်စုဖက်က ၄၀ ခန့်သေဆုံး

Fh5-IfaPi6NQRieliksDh-image

လွန်ခဲ့သော ၂ နှစ် က

ဧပြီ -

 

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော် အနောက်ဘက် ၈မိုင်ခန့်အကွာ နံ့သာရွာတွင် တပ်စွဲ ထားသည့် စစ်အုပ်စုနဲ့ KIAKPDF ပူးပေါင်းအဖွဲ့တို့ နှစ်ရက်ကြာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်အုပ်စုဖက်က ၄၀ ခန့်သေဆုံးခဲ့ကြောင်း Indaw Revolution - IR အဖွဲ့က ဆိုထားသည်။

 

နံ့သာရွာတွင် ရက်ပေါင်း ၂၀ ကျော်ကြာ တပ်စွဲထားသည့် စစ်ကောင်စီတပ် မော်တိတ်ရွာဘက်အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးဝင်လာခဲ့ကြောင်း၊ ယင်းစစ်ကြောင်းကို ဧပြီ ၆၊ ရက်တို့တွင် KIAKPDFအဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဆိုထားသည်။

 

ဧပြီလ ၆ရက်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃၀ နီးပါးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကာ KIA ရဲဘော် ၂ ဦးနှင့် KPDF ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း၊ ဧပြီလ ရက် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀ ဦးခန့် သေဆုံးကာ KPDF ရဲဘော်တစ်ဦး ထပ်မံ ကျဆုံးခဲ့ကြောင်း ဆိုထားသည်။

 

စစ်အုပ်စုက သေဆုံးဒဏ်ရာရသူများကို နာရေးကားတစ်စီး၊ စစ်ကားတစ်စီးဖြင့် အင်းတော်မြို့တပ်ကုန်းထဲ သယ်ကာ ဆေးကုသခြင်းနှင့် မီးသင်္ဂြိုလ်ခြင်းများ လုပ်နေကြောင်း သိရသည်။

 

လက်ရှိတွင် စစ်အုပ်စုက အင်အား ၅၀ ခန့်ဖြင့် အောင်းကုန်ရွာတွင် တပ်စွဲထားပြီး အင်အားထပ်မံ ဖြည့်တင်းရန် လုပ်ဆောင်နေကြောင်းဆိုထားသည်။

 

လက်ရှိတွင် နန့်သာ၊ အောင်းကုန်း၊ အင်ပင် စသည့် ၃ ရွာတစ်တန်းနှင့် မော်တိတ်၊ ရွာသာယာရွာမှ ပြည်သူထောင်နှင့်ချီ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

 

Burma Associated Press

 

စစ်ကိုင်း
စစ်သားများ
အရပ်သား
ဒုက္ခသည်
ပဋိပက္ခ

Share With
bap-logo