Local News
ကန့်ဘလူ၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရ
လွန်ခဲ့သော ၂ နှစ် က
ဧပြီ ၁၁။
ယနေ့ ဧပြီ ၁၁ ရက်နေ့မနက် ၇ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ မလည်တိုက်နယ်၊ပဇီကြီးရွာတွင် ပအဖရုံးဖွင့်ပွဲအတွက် လူစုနေစဉ် စစ်ကောင်စီတပ်ဘက်မှ ဂျက်ဖိုက်တာနှင့် ဗုံးကြဲပြီး တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ကလေးသူငယ်နှင့် အမျိုးသမီးများအပါအဝင်ဒေသခံ ၅၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူဦးရေမှာလည်း များပြားခဲ့သည်။
သေဆုံးဒဏ်ရာရရှိမှုကို မြေပြင်သတင်းပေးပို့ချက်များစိစစ် အတည်ပြုနေဆဲဖြစ်သည်။
ဓာတ်ပုံ- ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများ
Burma Associated Press
စစ်တပ်
စစ်ကိုင်း
ကန့်ဘလူ
လေကြောင်းတိုက်ခိုက်မှု
Top News
Articles
Share With