Local News
စစ်ကိုင်းမြို့ အင်းစရွာကို မီးရှို့နေသည့် စစ်အုပ်စုကို တိုက်ခိုက်ခဲ့ပြီး သုံးဦးသေဆုံးဟုဆို
လွန်ခဲ့သော ၂ နှစ် က
ဧပြီ - ၂၁
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် အင်းစရွာကို စစ်ကြောင်းထိုးမီးရှို့နေသည့် စစ်ကြောင်းကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီး စစ်သား သုံးဦး သေဆုံးသွားကြောင်း People's Army To Fight Dictatorshipအဖွဲ့က သတင်း ထုတ်ပြန် ထားသည်။
ယနေ့ နံနက် ၉ နာရီခန့်တွင် စစ်တပ်က အင်းစရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းစစ်ကြောင်းကို PAFD တပ်ဖွဲ့နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက လက်လုပ်လက်နက်ငယ်များ၊ ၆၀မမလက်လုပ်မိုင်းများနှင့် တိုက်ခိုက်ရာ စစ်အုပ်စုဖက်မှ သုံးဦး သေဆုံးပြီး သုံးဦး ထိခိုက်သွားကြောင်းဆိုထားသည်။
အဆိုပါစစ်ကြောင်းမှာ ဧပြီလ ၁၉ ရက်နေ့မှ စတင်ပြီး မြင်းမူမြို့နယ်ကျေးရွာများသို့ စစ်ကြောင်းထိုးနေကြောင်း၊ အင်းစရွာရှိ နေအိမ် ၁,၀၀၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဆိုထားသည်။
လက်ရှိတွင် အင်းစရွာမီးရှို့ခံထားရသည့်အတွက် ဒေသခံများအတွက် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။
Photo - PAFD
Related Articles
- မိုးကုတ်ဒေသ တပ်ရင်းတပ်ဖွဲ့များကို NUG လက်နက်တပ်ဆင်
- သင်္ကြန်အတက်နှင့် နှစ်ဆန်းတစ်ရက်တွင် စစ်ကောင်စီထံမှ သိမ်းဆည်းရမိသည့် လက်နက်များ ကရင်နီ ပူးပေါင်းတပ်ဖွဲ့များထုတ်ပြ
- မင်းတပ် ပန်းပါကျေးရွာ လေကြောင်းတိုက်ခံရပြီး အသက် ၄ နှစ်အရွယ်ကလေးအပါအဝင် သုံးဦး သေဆုံး
- KTLA ကို လုံးဝ အခြေချလှုပ်ရှားခွင့် ပေးမည်မဟုတ်ဟု ကေအဲန်ယူ တပ်မဟာ ၇ ဆို