bap-logo
Local News

နိုင်ငံတော်ဘဏ္ဍာရေး အခြေအနေအရ ဝန်ထမ်းလစာတိုးဖို့မရှိဟုဆို

yRqIRssqFBwQ5QsjMnu5c-image

လွန်ခဲ့သော ၂ နှစ် က

ဧပြီ ၂၂။

နိင်ငံတော်၏ လက်ရှိ ဘဏ္ဍာရေးအခြေအနေအရ ဝန်ထမ်းများလစာတိုးရန် အစီအစဉ်မရှိဟု စစ်ကောင်စီ၏ ဘဏ္ဍာရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဝင်းထိုက်က ယမန်နေ့က ပြောဆိုသည်ဟု စစ်ကောင်စီ လက်အောက်ခံ သတင်းစာများတွင် ဖော်ပြထားသည်။

 

လက်ရှိပြင်ပမှာ ထွက်ပေါ်နေတဲ့ လစာနှုန်းထားတိုးမြှင့်မယ်ဆိုပြီး ထွက်ပေါ်နေတဲ့သတင်းတွေက ကောလာဟလ ပဲဖြစ်ပါတယ်။ လစာနှုန်းတွေက လက်ရှိ လစာနှုန်းအတိုင်းပဲဖြစ်ပါတယ်ဟု ဦးဝင်းထိုက်က ဆိုသည်။

 

နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့်ဟု ညည်းငြူနေသည့် စစ်ကောင်စီသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ,၆၀၀ ကျော်အထိ တိုးမြှင့်ခဲ့သည်။

 

အဆိုပါ ပမာဏသည် အာဏာသိမ်းပြီးနောက် အများဆုံးတိုးမြင့်သည့် အသုံးစားရိတ်ဖြစ်ကာ ယမန်နှစ်ကထက် ကျပ်ဘီလီယံ ,၀၀၀ နီးပါး၊ ရာခိုင်နှုန်းအားဖြင့် ၅၀ % ကျော် တိုးမြှင့်ချပေးခဲ့ခြင်းဖြစ်သည်။

 

စစ်တပ်၏ နှစ်အလိုက် ကာကွယ်ရေး အသုံးစရိတ်များမှာ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ဘီလီယံ ,၀၀၀၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ဘီလီယံ ,၀၀၀ ကျော်၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလီယံ ,၂၀၀ကျော်၊ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလီယံ ,၃၀၀ကျော်၊ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ကျပ် ဘီလီယံ ,၄၀၀ကျော် ဟူ၍ ဖြစ်သည်။

 

Burma Associated Press

စစ်ကောင်စီ
အာဏာသိမ်း

Share With
bap-logo