Data
တရုတ်နိုင်ငံသား ၄၃၃ ဦးနဲ့ နိုင်ငံခြားသား ၁၅ ဦးကို (၉) လအတွင်း တရုတ်ထံလွှဲပြောင်းခဲ့ဟု “ဝ” တပ်ဖွဲ့ဆို
လွန်ခဲ့သော ၃ ရက် က
BAP၊ စက်တင်ဘာ ၂၅။
အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းတွေမှာပါတဲ့ တရုတ်နိုင်ငံသား ၄၃၃ ဦးနဲ့ နိုင်ငံခြားသား ၁၅ ဦးတို့ကို ၉ လအတွင်း တရုတ်ထံ လွှဲပြောင်းပေးခဲ့တယ်လို့ ‘ဝ’ သတင်းမီဒီတွေကနေတဆင့် ထုတ်ပြန်လာပါတယ်။
အခုနှစ် စက်တင်ဘာလမှာ တရုတ်နိုင်ငံသား ၈၅ ဦး၊ နိုင်ငံခြားသား ၁၅ ဦးတို့ကို လွှဲပြောင်းပေးခဲ့ပြီး ဩဂုတ်လမှာ ၃၈ ဦး၊ ဇူလိုင်လမှာ ၁၄၅ ဦး၊ ဇွန်လမှာ ၆ ဦး၊ ဧပြီလမှာ ၁၁၉ ဦး၊ မတ်လမှာ ၂၀ ဦး၊ ဇန်နဝါရီလမှာ ၂၀ ဦး လွှဲပြောင်းပေးခဲ့တယ်လို့ဆိုပါတယ်။
တရုတ်နိုင်ငံသားတွေကိုလွှဲပြောင်းပေးရာမှာ တရုတ်နယ်စပ်ဖြစ်တဲ့ Yonghe ဂိတ်နဲ့ menga တွေက လွှဲပြောင်းပေးခဲ့တာပါ။
ဓာတ်ပုံ - Wa News land
Burma Associated Press
တရုတ်
လိမ်လည်သူများ
UWSA
Related Articles
Share With