Politics
ကရင်နီမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ မြို့ ၄ ခုထဲက ကျေးရွာ အုပ်စု ၅၁ ခုမှာ မလုပ်နိုင်လို့ စစ်အုပ်စု ထပ်ကြေညာ
လွန်ခဲ့သော ၂ ရက် က
BAP၊ ဒီဇင်ဘာ ၆။
ခုခံတော်လှန်မှုအားကောင်းတဲ့ ကရင်နီမှာ စစ်အုပ်စုက ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားတဲ့ မြို့ ၄ ခုထဲကမှ ကျေးရွာအုပ်စု ၅၁ ခုမှာ မလုပ်နိုင်ဘူးလို့ မနေ့က ကြေညာပါတယ်။
ကရင်နီပြည်နယ်အတွင်းမှာ စစ်အုပ်စုက ရွေးကောက်ပွဲ ပထမပိုင်းကို လွိုင်ကော်နဲ့ ဘော်လခဲ၊ ဒုတိယပိုင်း ကို ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့တွေမှာ လုပ်မယ်လို့ ပြောခဲ့တာပါ။
မနေ့က စစ်အုပ်စုရွေးကော်ရဲ့ ထုတ်ပြန်ချက်အရ ဘောလခဲမြို့နယ်အတွင်း ကျေးရွာ အုပ်စု (၁၀) ခု၊ လွိုင်ကော်မြို့နယ်အတွင်း ကျေးရွာ အုပ်စု (၂) ၊ ဒီးမော့ဆိုမြို့နယ်အတွင်းက ကျေးရွာ အုပ်စု (၂၆) စုနဲ့ ဖရူဆိုမြို့နယ်အတွင်းက ကျေး ရွာအုပ်စု (၁၃) စုမှာ ရွေးကောက်ပွဲမလုပ်နိုင်ဘူးလို့ဆိုပါတယ်။
စစ်အုပ်စုက လာမဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲအပိုင်း-၁ နဲ့ ဇန်နဝါရီ ၁၁ မှာ အပိုင်း- ၂ ဆိုပြီး လုပ်ဖို့ ကြေညာထားတာပါ။
နိုင်ငံတဝှမ်း ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ် ၅၆ ခုအထိ ရှိနေပါတယ်။
အဲဒီမြို့တွေထဲမှာ ရှမ်းပြည်နယ်က မြို့နယ် ၁၇ နဲ့ အများဆုံးဖြစ်ပြီး စစ်ကိုင်းနဲ့ ရခိုင်မှာ ၁၀ မြို့နယ်၊ မကွေးမှာ ၅ မြို့နယ်၊ ကချင်နဲ့ ချင်းမှာ ၄ မြို့နယ်၊ မန္တလေးနဲ့ ကယား(ကရင်နီ) တွင် ၃ မြို့တို့ဖြစ်ပါတယ်။
ပုံစာ - တိုက်ပွဲလွတ်ရာ တိမ်းရှောင်လာကြတဲ့ ကရင်နီ စစ်ဘေးရှောင်တွေ