International
ဘန်ကောက်မြို့၌ မေလတွင် 'Rainbow Dress' ပြပွဲ ကျင်းပမည်
လွန်ခဲ့သော ၃ ရက် က
BAP ဘာသာပြန်။
လာမည့် မေလတွင် ကျရောက်မည့် နိုင်ငံတကာ လိင်စိတ်ခံယူမှုကွဲပြားသူများ(လိ
အဆိုပါ ၁၆ မီတာ ရှည်လျားသော ဝတ်ရုံမှာ LGBTQ+ လူဦးရေအပေါ် ရာဇဝတ်မှုကျူးလွန်သည်ဟု သတ်မှတ်ထားသော နိုင်ငံများ၏ အလံများဖြင့် ဖန်တီးထားခြင်းဖြစ်သည်။ ၎င်းကို Mattijs van Bergen၊ Arnout van Krimpen၊ Jochem Kaan နှင့် Oeri van Woezik တို့က ဒီဇိုင်းထုတ်ခဲ့ကြပြီး ၂၀၁၆ ခုနှစ်တွင် ပထမဆုံးအကြိမ် ပြသခဲ့သည်။
နယ်သာလန်သံရုံးမှ အကြီးတန်းမူဝါဒအရာရှိ Chayanuch Thananart က ဝတ်ရုံပေါ်တွင်ပါဝင်သော အလံများ၏ အရေအတွက်မှာ လျော့နည်းလာကြောင်း ရှင်းပြခဲ့သည်။
ယခင်က အလံပေါင်း ၇၈ ခုအထိ ပါဝင်ခဲ့ပြီး ယင်းတွင် သေဒဏ်ပေးနိုင်သော နိုင်ငံ ၈ ခု၏ အလံများလည်း ပါဝင်သည်။ LGBTQ+ လူဦးရေအပေါ် ရာဇဝတ်မှုအဖြစ် သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်သည့် နိုင်ငံများ၏ အလံနေရာတွင် သက်တံရောင်အလံများဖြင့် အစားထိုးခဲ့ကြသည်။
လက်ရှိတွင် ဝတ်ရုံ၌ အလံပေါင်း ၆၆ ခုသာ ကျန်ရှိတော့ပြီး အာဆီယံနိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မြန်မာနှင့် မလေးရှားနိုင်ငံတို့၏ အလံများလည်း ပါဝင်နေဆဲဖြစ်သည်ဟု သူမက ပြောသည်။
စင်ကာပူနိုင်ငံ၏အလံမှာ ယခင်က ပါဝင်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် စင်ကာပူအစိုးရက ထောင်ဒဏ် နှစ်နှစ် ပြစ်ဒဏ်အပါအဝင် အမျိုးသားချင်း လိင်ဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသည့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၇(က) ကို ပယ်ဖျက်ခဲ့ပြီးနောက် အဆိုပါအလံကို သက်တံရောင်အလံဖြင့် အစားထိုးခဲ့သည်။
အဆိုပါဝတ်ရုံကို ၂၀၁၆ ခုနှစ်တွင် နယ်သာလန်၊ ၂၀၁၈ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့နှင့် ၂၀၂၂ ခုနှစ်တွင် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တို့၌ လှည့်လည်ပြသခဲ့ပြီးဖြစ်သည်။ ယခုဘန်ကောက်ပြပွဲမှာ အရှေ့တောင်အာရှတွင် ပထမဆုံးအကြိမ် ပြသခြင်းဖြစ်သည်။
ယခုနှစ် မေလ ၁၅ ရက်မှ ၁၈ ရက်အထိ ဆိုင်ယမ်ပါရာဂွန် (Siam Paragon) ရှိ SCB Next Tech တွင် ပြသသွားမည်ဖြစ်သည်။
"အချိန်ကိုက်ပါပဲ။" ဟု Chayanuch က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့် လက်ထပ်ထိမ်းမြားမှု တန်းတူညီမျှရေးဥပဒေ၏ တစ်နှစ်ပြည့် အထိမ်းအမှတ်ကို ကျင်းပနေချိန်ဖြစ်ပြီး နယ်သာလန်နိုင်ငံမှာလည်း အလားတူဥပဒေ ပြဋ္ဌာန်းခြင်း၏ ၂၅ နှစ်ပြည့် အထိမ်းအမှတ်ကို ကျင်းပလျက်ရှိသည်။
နယ်သာလန်သည် ယခုနှစ် သြဂုတ်လတွင် WorldPride 2026 ကို လက်ခံကျင်းပရန် စီစဉ်ထားပြီး ထိုင်းနိုင်ငံကလည်း ၂၀၃၀ ခုနှစ် WorldPride ကို လက်ခံကျင်းပရန် လျာထားလျက်ရှိသည်။
ကိုးကား - Bangkok Post
ဓာတ်ပုံ - Bangkok Post
Top News
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၁၇ ရက် က