bap-logo
Data

အင်တာနက်ချို့ယွင်းသည့်အတွက်ဟုဆိုကာ ကြံ့ခိုင်ရေးပါတီအပါအဝင် ကိုယ်စားလှယ်လောင်း ၅၀ ကျော်ကို သတ်မှတ်ရက် ကျော်လွန်၍ စစ်အုပ်စုရွေးကော်လက်ခံ

XDIr2PMw9MZCUF8qt4-VR-image

လွန်ခဲ့သော ၁၅ နာရီ က

 

BAP၊ စက်တင်ဘာ ၂၇။

 

အင်တာနက်ချို့ယွင်းသည့်အတွက်ဟုဆိုကာ ကြံ့ခိုင်ရေးပါတီအပါအဝင် ပါတီ ၇ ခု၏ ကိုယ်စားလှယ် လောင်း ၅၀ ကျော်ကို သတ်မှတ်ရက် ကျော်လွန်၍ စစ်အုပ်စုရွေးကော်လက်ခံခံသည်။

 

 

စစ်အုပ်စု၏ ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများသို့ နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတင်သွင်းမှုနှင့်စပ်လျဉ်း၍ ယခု နှစ် စက်တင်ဘာလ ၈ ရက်တွင် စတင်လက်ခံခဲ့ပြီး စက်တင်ဘာ ၂၅ ရက်ကို နောက်ဆုံးတင်သွင်းရ မည့် ရက်အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

 

 

သို့ရာတွင် သတ်မှတ်ချိန်ကုန်ဆုံးသည်အထိ တင်သွင်းလာသည့် အမည်စာရင်းတင်သွင်းလွှာများကို သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက UEC Cloud အသုံးပြု၍ ကော်မရှင်ရုံးသို့ ပေးပို့ရာတွင် အင်တာနက်လိုင်း ချို့ယွင်းမှုများကြောင့် လွှတ်တော် ( ၃ ) ရပ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စား လှယ်များကို ထပ်မံလက်ခံခဲ့သည်ဟုဆိုသည်။

 

 

လက်ခံခဲ့သည့် ပါတီများတွင် ပြည်‌‌ထောင်စု‌ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ၃၀ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၉ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ၃ ဦး၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၆ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ ၂ ဦး၊ ပြည်သူ့ပါတီမှ ၃ ဦးနှင့် ဒီမိုကရက်တစ်အင်အားစုလေဘာပါတီမှ အမည် စာရင်းပြန်လည်ရုပ်သိမ်းသူ ၁ ဦးတို့ ပါဝင်နေသည်။

 

 

ထို့ကြောင့် စစ်အုပ်စု၏ ဒီဇင်ဘာရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၁၀၄၈ ဦး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ ၇၀၃ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ၆၇၅ ဦး၊ မြန်မာနိုင်ငံတောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၄၃၄ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ ၅၈၆ ဦး၊ ပြည်သူ့ပါတီမှ ၅၁၅ ဦးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီ ၅၁ ပါတီမှ ၉၅၉ ဦးနှင့် တစ်သီးပုဂ္ဂလ ၉၅ ဦး တို့ဖြစ်သည်။

 

 

စစ်အုပ်စု၏ ရွေးကောက်ပွဲကော်မရှင်စာရင်းအရ လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် စုစုပေါင်း ၅,၀၁၅ ဦး ဖြစ်လာခဲ့သည်။

 

 

စစ်အုပ်စု၏ ရွေးကောက်ပွဲကို ၂၀၂၀ အနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-NLD၊ တတိယအများဆုံးအနိုင်ရပါတီဖြစ့်သည့် ရှမ်းတိုင်းရင်းများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-SNLD ကဲ့သို့ ပါတီများက သပိတ် မှောက်ထားသည်။

 

Burma Associated Press

 

 

ရွေးကောက်ပွဲ
စစ်တပ်
ကြံ့ခိုင်ရေးပါတီ

Share With
bap-logo