Politics
သံလွင်ကမ်းနားရှိ စစ်ကောင်စီ ညာတခိုကျိုး စခန်းကို KNU/KNLA သိမ်းပိုက်
လွန်ခဲ့သော ၄ နှစ် က
ကရင်၊ ဒီဇင်ဘာ ၇
ကရင်ပြည်နယ် တပ်မဟာ(၅)နယ်မြေ သံလွင်ကမ်းနားရှိ စစ်ကောင်စီ၏ အရေးပါသည့် ခြေကုပ်စခန်း တစ်ခုဖြစ်သော ညာတခိုကျိုးစခန်းကို ဒီဇင်ဘာ(၆)ရက် နံနက် (၆) နာရီတွင် KNU/KNLA တပ်မဟာ(၅)က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU နှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။
ညာတခိုကျိုး စခန်းသိမ်းတိုက်ပွဲတွင် KNU နှင့် အတူ FFD Drone အဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ဘက်က ထိခိုက်ကျဆုံးမှုများကြောင်း သိရသည်။
‘’စစ်ကောင်စီဘက်က အကျအဆုံးများတယ်။ ဒဏ်ရာရပြီး ထွက်ပြေးတဲ့ လူတွေလည်းရှိတယ်။ အတိအကျ တော့ ပြောလို့မရသေးဘူး။ ရှင်းလင်းရေးတွေလုပ်လို့ မပြီးသေးဘူး’’ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်စခန်းဘက်မှ လက်နက်အများအပြား သိမ်းဆည်း ရမိခဲ့ပြီး KNU/KNLA ဘက်က ရဲဘော်(၂)ဦးကျဆုံးခဲ့ကြောင်းသိရသည်။
ကေအဲန်ယူ
Top News
Articles
Share With