Crime
မန္တလေးမှ မောသစ် ရွှေဆိုင်ပိုင်ရှင် နေအိမ်ရှေ့ရှိနေစဉ် ဓားပြတိုက်ခံရ
လွန်ခဲ့သော ၂ နှစ် က
မန္တလေး ၊ ဒီဇင်ဘာ - ၂၀
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ မောသစ်ရွှေဆိုင်ပိုင်ရှင်သည် ၎င်း၏ နေအိမ်ရှေ့မှာတင် ဓားပြတိုက် ခံခဲ့ရကြောင်း စစ်အုပ်စုနှင့် နီးစပ်သူများက ဆိုသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၇ နာရီခန့်က မန္တလေးစက်မှုဇုန် ၆၃ လမ်းနှင့် ၁၄၀ လမ်းအနီးရှိ မောသစ် ရွှေဆိုင်ပိုင်ရှင်နေအိမ်ရှေ့သို့ ဆိုင်ကယ်နှင့် ရောက်လာသည့် အမျိုးသား ၂ ဦးက သေနတ်ပစ် ဖောက်ကာ ရွှေဆိုင်ပိုင်ရှင်ဆီမှ ရွှေများကို ဓားပြတိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအတွက်ကြောင့် ရွှေဆိုင်ဖွင့်လှစ်ရန်အတွက် ယူဆောင်လာသည့် ရွှေခြင်းတောင်း ၂ တောင်း ပါသွားပြီး ရွှေပိဿာချိန် အများအပြား ပါသွားကြောင်း သိရသည်။
ယင်းသည် မောသစ်ရွှေဆိုင်အတွက် ဓားပြတိုက်ခံရမှု ၃ ကြိမ်မြောက်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၁ နှစ်ကုန်ပိုင်းနှင့် ဒီနှစ်အစောပိုင်းကလည်း ဓားပြ၂ ကြိမ် တိုက်ခံရသေးကြောင်းသိရသည်
Photo - credit
Burma Associated Press
Top News
လွန်ခဲ့သော ၁၂ ရက် က