bap-logo
Crime

နွားထိုးကြီးမြို့တွင် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်ပိုင်ဘော်ဒါဆောင်တစ်ခု မီးရှို့ခံရ

QLtbcTfbwXxaBp2OqyWMK-image

လွန်ခဲ့သော ၃ နှစ် က

မန္တလေး ၊ ဒီဇင်ဘာ - ၁၀။

 

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ရှိ NLD ပါတီ​ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပိုင်ဆိုင်သည့် ပိတ်သိမ်းထားသည့် အဆောင်မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများကပြောသည်။

 

ယနေ့မနက်ပိုင်းတွင် NLD ပါတီလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ကျော်မိုး ပိုင်သည့် အောင်ပန်းဝေ ဘော်ဒါ ဆောင်​၏ အမျိုးသားအဆောင်မီးရှို့ခံရခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် ၂ ထပ်ဘော်ဒါဆောင် ပျက်ဆီးသွား ကြောင်း ဒေသခံများကပြောသည်။

 

ကျောင်းဆရာတစ်ဦးဖြစ်သော ဦးစိန်ကျော်မိုးသည် စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဝရမ်း ထုတ်ခံရသူ တစ်ဦးဖြစ်ပြီး လတ်တလောတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သူနှင့်နီးစပ်သူတဦး ကပြောသည်။

 

ဦးစိန်ကျော်မိုးသည် ရှောင်တိမ်းချိန်ကတည်းကပင် ထိုဘော်ဒါဆောင်ကိုပိတ်ထားခဲ့ကြောင်း သိရသည်။

 

နွားထိုးကြီး မြို့တွင် လက်ရှိစစ်တပ်ထောက်ခံသည့် သွေးသောက်အဖွဲ့ဝင်များက NLD ပါတီဝင်များကို ဖမ်းဆီး သတ်ဖြတ်မှုများ မကြာခဏပြုလုပ်နေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

 

Photo- credit

Burma Associated Press

 

မန္တလေး
အန်အယ်လ်ဒီ
မီးရှို့ခံရ

Share With
bap-logo