Crime
နွားထိုးကြီးတွင် NLD ပါတီဝင် ၄ ဦးအပါအဝင် လူ၆ဦး အသတ်ခံရ
လွန်ခဲ့သော ၃ နှစ် က
မန္တလေး ၊ ဒီဇင်ဘာလ - ၇။
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်တွင် ပျူစောထီးအဖွဲ့ ဝင်များက ပြည်သူ ၆ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း တောင်သာ လူထုလှုပ်ရှားမှုကော်မတီက ဆိုထားသည်။
ယမန်နေ့ ည ၉ နာရီခန့်က နွားထိုးကြီးမြို့နယ်သို့ ပျူစောထီးအဖွဲ့များကား ၂စီးဖြင့်ရောက်ရှိလာပြီး မင်းရွာ ကျေးရွာမှ ပြည်သူ ( ၆ ) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် အဆိုပါ ၆ ဦးအား ၃ ဦးစီတွဲကာ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း ဆိုထားသည်။
မင်းရွာဒေသခံများဖြစ်သော ဦးကျော်ဆောင် (၆၃ နှစ်)၊ ဦးခင်မောင်စိန် (၆၃ နှစ်)၊ကိုမင်းဇော် ၊ကိုဟန်တင်(၄၂ နှစ်) ၊ကိုစိုးပိုင်(၃၇နှစ်)၊ ကိုအောင်ကိုမင်း (၁၇ နှစ်) ကိုပျူစောထီးအဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းတို့အနက် ၄ ဦးမှာ NLD ပါတီဝင်များဖြစ်ကြောင်း ဖော်ပြထားသည်။
မင်းရွာမှ ဒေသခံ ၆ ဦးကို ပျူစောထီးအဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မင်းရွာနှင့် ကူကုန်းရွာ ဇရပ်အနီးမှာ သတ်ဖြတ်ကာ ရုပ်အလောင်းများကို စွန့်ပစ်သွားခဲ့ကြောင်း၊ နာမည်စာရင်းနှင့်တကွ နေအိမ်များကို ဝင်ရောက် ဖမ်းဆီးခဲ့ပြီး စာရင်းပါ ၄ ဦး နှင့် ၎င်းတို့အား အိမ်ပြင်သို့ ထွက်ကြည့်သည့် ပြည်သူ ၂ ဦး ဖမ်းဆီးခံရကြောင်း မြင်းခြံ လူထုလှုပ်ရှားမှုကော်မတီကလည်း ဆိုထားသည်။
လတ်တလော မင်းရွာတွင် စစ်အုပ်စုက အင်အား ၃၀ ခန့်လည်း တပ်စွဲထားကြောင်း၊ သတ်ဖြတ်ခံရသူ ၁ ဦးမှာ ကြံ့ခိုင်ရေးပါတီဝင် တဦးဖြစ်ကြောင်း ဆိုထားသည်။
နွားထိုးကြီးတွင် ပြီးခဲ့သည့် လပိုင်းက ပြည်သူ ၄ ဦးကို ညအချိန်ဖမ်းဆီးကာ နောက်တစ်ရက်တွင် သေနတ် ဒဏ်ရာများနှင့် အလောင်းကို လမ်းဘေးစွန့်ပစ်ထားဖြစ်စဉ်လည်းဖြစ်ခဲ့သည်။
Burma Associated Press
Photo - credit
Top News
လွန်ခဲ့သော ၁၂ ရက် က