Crime
မန္တလေးတွင် စစ်တပ်သတင်းပေးအဖြစ် စွပ်စွဲခံထားရသူ ရှမ်းခေါက်ဆွဲစားနေစဉ် ပစ်ခတ်ခံရပြီးသေဆုံး
လွန်ခဲ့သော ၃ နှစ် က
မန္တလေးမြို့တွင် စစ်တပ်သတင်းပေးဟု စွပ်စွဲခံထားရသည့် ကျော်ကြီးဆိုသူ ရှမ်းခေါက်ဆွဲစားနေစဉ် ပစ်ခတ်ခံရပြီး နေရာမှာတင် သေဆုံးသွားကြောင်း သိရသည်။
ယနေ့ မနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊ (၇၆)လမ်းနှင့် (၇၇) လမ်းကြား၊ (၃၇)လမ်းနှင့် (၃၈) လမ်းကြားရှိ ရှမ်းခေါက်ဆွဲဆိုင်တွင် ကျော်ကြီးဆိုသူ ပစ်သတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံ များက ပြောသည်။
ကျော်ကြီးဆိုသူမှာ ရဲစခန်းမှအပြန် ရှမ်းခေါက်ဆွဲစားနေစဉ် အမည်မသိ သေနတ်သမားက ဆိုင်ကယ်ဖြင့် ရောက်ရှ်ိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ၊ ထိုကြောင့် ၎င်းတွင် ပါးနှင့် လည်ပင်းမှာ ဖောက်ဝင်ဒဏ်ရာများနဲ့ သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကို မည်သူက လုပ်ဆောင်ခြင်းကို မူမသိရသေးပေ။
ယမန်နေ့ နေ့ခင်းပိုင်းကလည်း မဟာအောင်မြေမြို့နယ်၊ စိန်ပန်း၊ သံလျက်မော်အနောက်ရပ်ကွက်၊ မင်းကုန်းရပ်နေ ရပ်ကျေးစာရေး ထွန်းမြင့်အေးဆိုသူ လုပ်ကြံခံခဲ့ရပြီး ယင်းကို Generation Z Power(Mandalay) ပြောက်ကျားတပ်ဖွဲ့က ယင်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
Burma Associated Press
နိုင်ငံရေး
Top News
အာဆီယံ၏ ကုန်ပစ္စည်းမူလဒေသ သတ်မှတ်ချက်ဆိုင်ရာ ပြဿနာ
လွန်ခဲ့သော ၂ ရက် က
ဘန်ကောက်မြို့၌ မေလတွင် 'Rainbow Dress' ပြပွဲ ကျင်းပမည်
လွန်ခဲ့သော ၁၂ ရက် က
Articles
Share With