Crime
ငါးရက်ကျော်ကြာ ပျောက်ဆုံးနေတဲ့ မန်းက ကလေးငယ် ပြန်တွေ့ ၊ ပြန်တွေ့တဲ့ နေအိမ်ရှိလူများကို စစ်ဆေးနေ
လွန်ခဲ့သော ၃ နှစ် က
မန္တလေး၊ ဒီဇင်ဘာ ၁၆
ငါးရက်ကျော်ကြာပျောက်ဆုံးနေသော မန္တလေးက ကလေးငယ် မောင်ဇွဲဝေယံထွန်းကို ယနေ့ နံနက် ငါးနာရီတွင် သံသယရှိသည့်နေအိမ်ထဲ၌ ရှာဖွေတွေ့ရှိကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်ရှိ ဘိုးဘွားများအိမ်ရှေ့တွင် ဒီဇင်ဘာ ၁၁ ရက်က ဆော့ကစားနေရင်း ပျောက် ဆုံးသွားခြင်းဖြစ်သည်။
"မနက် ၅ နာရီမှာပြန်တွေ့တယ်။ ကျွန်တော်အသေးစိတ်တော့မသိဘူး။ သူတို့တွေအကုန် ရဲစခန်း သွားနေလို့။ ၅ နာရီလောက်က သူတို့သံသယရှိတဲ့အိမ်ကိုဝင်ရှာလိုက်တာတွေ့တယ် " ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
လက်ရှိတွင် ကလေးရှာဖွေတွေ့ရှိမှုကိုအသေးစိတ်မရှိရသေးကြောင်း၊ ကလေးရှာတွေ့ထားသည့်အိမ်ရှိ လူများနှင့် ကလေးမိသားစုဝင်များအားလုံးရဲစခန်းရောက်ရှိနေကြောင်း ၎င်းက ဆိုသည်။
"ရဲစခန်းမှ ဘယ်လိုအမှုဖွင့်မလဲ၊ ဘယ်လိုရှိလဲမသိဘူး။ ကလေးရှာတွေ့တဲ့အိမ်ရော၊ ကလေးမိသားစု တွေရောအကုန် ရဲစခန်းသွားကြတယ်" ဟု အဆိုပါ နီးစပ်သူက ပြောသည်။
အိမ်ရှေ့တွင် ဆော့ရင်း ကလေးပျောက်ဆုံးသွားသည်ကို မိနစ်ပိုင်းအတွင်းသိပြီး ရှာဖွေသော်လည်း မတွေ့ရှိဘဲ ငါးရက်ကျော်ကြာမှရှာဖွေတွေ့ရှိခြင်း ဖြစ်သည်။
" ကလေးက ဆိုင်ရှေ့မှာဆော့နေတာ ဆိုင်ထဲကနေ အဘိုး၊ အဘွားနဲ့လှမ်းစကားပြောတယ်။ လှမ်းခေါ်လိုက်၊ ရေချိုးမယ် ထမင်းစားမယ်ပြောနေရင်း။ ကလေးပြန်ခေါ်သံမကြားရတော့ဘူး။ ပြန်ထူးသံမကြားဘူး ၊သွားကြည့်ဦးဆိုတော့မှ မရှိတော့ဘူး ကလေးက။ မိနစ်ပိုင်းအတွင်းသိတယ်။ မိနစ်ပိုင်းအတွင်းသိတာကို ရှာတဲ့အခါမှာမတွေ့တော့ဘူး " ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ကလေးပျောက်ဆုံးသွားပုံကို ပြန်လည်ပြောပြသည်။
ပုံစာ ။ ပျောက်ဆုံးနေသော ကလေးငယ်အား မိသားစုနှင့်အတူ ပြန်တွေ့ရစဉ်။
ဓာတ်ပုံ။ လူမှုကွန်ယက်
Related Articles
- နွားထိုးကြီးမြို့တွင် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ပိုင်ဘော်ဒါဆောင်တစ်ခု မီးရှို့ခံရ
- နွားထိုးကြီးတွင် NLD ပါတီဝင် ၄ ဦးအပါအဝင် လူ၆ဦး အသတ်ခံရ
- နွားထိုးကြီးမြို့တွင် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်ပိုင်ဘော်ဒါဆောင်တစ်ခု မီးရှို့ခံရ
- ကသာတွင် ဆိုင်ကယ်စီး လူငယ် နှစ်ဦးကို ရဲကားဖြင့်လိုက်တိုက် ၊တစ်ဦးပွဲချင်းပြီးသေ၊ တစ်ဦး ဒဏ်ရာပြင်းထန်
Top News
လွန်ခဲ့သော ၁၂ ရက် က