bap-logo
Crime

ALPစစ်ဦးစီးချုပ်နှင့် အရာရှိ ၂ ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီ သေဆုံး

dAayPqBFkHcBMOdwl3TH--image

လွန်ခဲ့သော ၃ နှစ် က

 

ရခိုင်၊ ဇန်နဝါရီ ၄။

 

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-(ALP) မှ စစ်ဦးစီးချုပ်နှင့် အရာရှိ နှစ်ဦးတို့သည့် ဇန်နဝါရီ ၄ ရက်က စစ်တွေမြို့တွင် သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးခဲ့သည်။

 

သေဆုံးသူများမှာ ALP ပါတီမှ စစ်ဦးစီးချုပ် ခိုင်စောမြ (၅၃)နှစ်၊ တပ်ရင်းမှူး ခိုင်ကျော်စိုး (၃၄)နှစ်နှင့် ဗိုလ်ကြီးအဆင့် ကျော်မင်းစိုး(ခ)ခိုင်သူရိန္ဒ(၃၁)နှစ်တို့ဖြစ်ပြီး၊ ၎င်းတို့သည် စစ်ကောင်စီတပ်မှ စစ်တွေမြို့၊ ဝေသာလီကွင်းတွင် ပြုလုပ်သော လွတ်လပ်ရေးနေ့အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အပြန်တွင် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်အတွင်း အမည်မသိသေနတ်သမားများထံတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ခြင်းဖြစ်ကာ၊ အလောင်းများအား စစ်တွေပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။

 

ALP ပါတီသည် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားပြီး၊ ဒီဇင်ဘာအတွင်းကလည်း အပစ်ရပ်လက်မှတ်ထိုး ၅ဖွဲ့နှင့် စစ်ကောင်စီနှင့်တွေ့ဆုံရာတွင် ပါ၀င်ခဲ့သည့် အဖွဲ့လည်းဖြစ်သည်။

 

photo credit

Burma Associated Press

 

ရခိုင်
အသတ်ခံရ
သေဆုံး
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-

Share With
bap-logo