bap-logo
Politics

'တန်ဖိုးသင့်ညစာ' ဖြင့် လူသိများကာ ပြည်သူ့ဂုဏ်ရည်ဆု ရခဲ့သူ ဒေါက်တာနန္ဒဝင်းကို ဆုပေးသည့် အဖွဲ့က ဆုနှင့်မထိုက်တန်ဟုဆို

PYM1VuFg1-IxwmjfONQ15-image

လွန်ခဲ့သော ၁၁ နာရီ က

BAP၊ နိုဝင်ဘာ ၂။

'တန်ဖိုးသင့်ညစာ' ဖြင့် လူသိများခဲ့သူ ဒေါက်တာနန္ဒဝင်း( ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှုး )၏ လုပ်ရပ်များသည် ပြည်သူ့ဂုဏ်ရည်အသင်း၏ ဆုရွေးချယ်ရေးဆိုင်ရာ မူဝါဒတရပ်ဖြစ်သော “နိုင်ငံသားများနှင့် လူ့ဘောင် လောကအတွက် စံပြဖြစ်မှု” အရည်အချင်းမှ လုံးဝသွေဖည်နေခဲ့သည်ဟု ဆိုတာ ၎င်းသည် ဆုနှင့်မထိုက်တန်ဟု ဆု​ပေးသည့်အဖွဲ့က ယ​နေ့ ထုတ်ပြန်လာသည်။

 

သူသည် တိုင်းရင်းသားပြည်သူတို့ကို အစွမ်းကုန်ဖိနှိပ်နေသည့် စစ်အုပ်စုလုပ်ရပ်များတွင် ထောက်ခံအားပေး ရပ်တည်နေခဲ့ပြီး CDM ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများကို ပုဂ္ဂလိက ဆေးရုံများက ဝန်ထမ်းအဖြစ် မခန့်အပ်ရန် စစ်အုပ်စုအလိုကျ သူ၏အခွင့်အာဏာ ကိုသုံးလျက် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအပေါ် လျစ်လျူရှုခဲ့သည့် “သခင်အားရ ကျွန်ပါးဝ” ပြုမူဆောင်ရွက်ချက် ခဲ့သည်ဟု ပြည်သူ့ဂုဏ်ရည် အဖွဲ့ကဆိုသည်၊

 

"ဒေါက်တာနန္ဒဝင်းနှင့်သက်ဆိုင်သောအချက်အလက်များကိုလည်း ပြည်သူ့ဂုဏ်ရည်အသင်း အင်တာနက်စာမျက်နှာမှ ဖယ်ရှားခဲ့ပြီးဖြစ်သလို၊ ပြည်သူ့ဂုဏ်ရည်ဆုရှင်တဦးအဖြစ် ထိုက်တန်မှုမရှိကြောင်းနှင့် ‌ဒေါက်တာနန္ဒဝင်း၏ စက်ဆုပ်ရွံရှာ ဖွယ် ယုတ်မာရက်စက်သည့်စိတ်ထားနှင့် ရပ်တည်ချက်ကို ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း" ယ​နေ့ ကြေညာခဲ့သည်။

 

ဒေါက်တာနန္ဒဝင်းသည် ၂၀၁၅ ခုနှစ်တွင် ပြည်သူ့ဂုဏ်ရည်အထူးဆုဖြင့်ဂုဏ်ပြုခံခဲ့ရသူဖြစ်သည်။

 

ခေတ်အဆက်ဆက် အာဏာရှင်တို့၏ဖိနှိပ်မှုများအောက်မှ ခက်ခဲစွာရုန်းကန်နေကြရသော ပြည်သူတို့၏အကျိုးကို ဦးတည်ဆောင်ရွက်နေကြသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား “ပြည်သူ့ဂုဏ်ရည်” ဂုဏ်ပြုမှုများဖြင့် ၂၀၁၀ခုနှစ်မှ စတင်ပြီး နှစ်စဥ်မပြတ်ဂုဏ်ပြုလာခဲ့ခြင်းဖြစ်သည်။

 

ဓါတ်ပုံ- Nanda Win

Burma Associated Press

 

 

CDM
နန္ဒဝင်း

Share With
bap-logo