bap-logo
Politics

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး အကန့်အသတ်မရှိပိတ်၊ တိုင်းနှင့်ပြည်နယ်ရုံးများတွင် နယ်ကျော် လက်မခံတော့

HUoEowRWHfsKMfShCB0EF-image

လွန်ခဲ့သော ၃ နှစ် က

ရန်ကုန်၊ ဇန်နဝါရီ  

 

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ( Passport) ရုံးကို ဒီဇင်ဘာ ၃၀ ရက်ကစ၍ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီး တိုင်းနှင့်ပြည်နယ်ရုံးများတွင် မြို့နယ်ကျော်၍ နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းကိုလည်း တားမြစ်ထားကြောင်း သိရသည်။

 

 

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ရန်ကုန် passport ရုံးတွင် system အဆင့်မြင့်တင်ခြင်း ဆောင်ရွက်မည်ဖြစ်ပါ၍ ခေတ္တပိတ်ထားမည်ဟု ကြေညာထားခြင်းဖြစ်ကြောင်း နိုင်ငံကူးလက်မှတ် ပြုလုပ်ရန်သွားသူ အမျိုးသမီး တစ်ဦးက ဆိုသည်။

 

 

နိုင်ငံကူးလက်မှတ်ထုတ်​​ပေးရေးရုံးပိတ်ထားသဖြင့် စာအုပ်စလစ်ရရှိပြီးသူများ စာအုပ်အသစ်ထုတ်ယူ၍ မရသေးကြောင်း၊ QR code ရထားသူများလည်း စာအုပ်ပြုလုပ်ရန် ရုံးထဲဝင်ရောက်ခွင့်မရှိသေးကြောင်း သိရသည်။

 

 

"အဲဒီနေ့သွားတော့မှ ရုံးရှေ့ကြေညာထားတာတွေ့တယ်။ နှစ်ပတ် ဒါမှမဟုတ် သုံးပတ်ကြာမယ် ပြောတယ်။ အဲဒီလိုခန့်မှန်းနေကြပေမဲ့ ဘယ်တော့ပြန်ဖွင့်မလဲ မသိရသေးဘူး " ဟု အဆိုပါအမျိုးသမီးက ဆိုသည်။

 

 

ထို့ပြင် တိုင်းနှင့်ပြည်နယ်များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် သန်းခေါင်စာရင်း နယ်ကျော်ပြုလုပ်မှုများကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၆ ကစတင်ပြီး ပိတ်ထားကြောင်း passport ပြုလုပ်သူများထံမှ သိရသည်။

 

 

"မြဝတီနဲ့ ဘားအံ့ passport ရုံးတွေမှာ နယ်ကျော်ပိတ်ထားတယ်။ ကရင်ပြည်နယ် မျဥ်းစောင်းနဲ့ဆိုရင် ရတယ်။ နှစ်ပတ်ပိတ်မယ်ပြောတာပဲ။ အခုတော့ တစ်ပတ်ပြည့်ပြီ။ နယ်ကျော်တွေ ပြန်ဖွင့်မယ်လို့ ထင်ပါတယ်" ဟု passport ပြုလုပ်သူ တစ်ဦးက ဆိုသည်။

 

နယ်မြို့များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများတွင် QR code ယူစရာမလိုဘဲနာမည် စာရင်းသွင်းပြီး လျှောက်ထားရခြင်းဖြစ်ကာ လက်ရှိတွင် နယ်ကျော် Passport ပြုလုပ်ခွင့်ပိတ်ထားသည်။

 

 

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်လုပ်ကိုင်နိုင်သည့်အရွယ် လူငယ်လူရွယ်များ သည် နိုင်ငံခြားသို့ထွက်၍ အလုပ်လုပ်ကိုင်မှုများပြားနေချိန်တွင် တိကျရေရာသည့် အကြောင်းပြချက်မရှိဘဲ နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းကို စစ်ကောင်စီက ပိတ်ပင်လိုက်ခြင်းဖြစ် သည်။

 

Burma Associated Press

 

မြန်မာ
နိုင်ငံကူးလက်မှတ်

Share With
bap-logo