Data
အာဏာသိမ်းပြီးနောက် လူပေါင်း တစ်သောင်းခြောက်ထောင်ကျော် အဖမ်းခံခဲ့ရပြီး သုံးထောင်ကျော်သာ ပြန်လွတ်ခဲ့
လွန်ခဲ့သော ၃ နှစ် က
ရန်ကုန်၊ ဇန်နဝါရီ ၂။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်ထိ အာဏာသိမ်း စစ်ကောင်စီက လူပေါင်း ၁၆,၇၀၄ ဦး ဖမ်းဆီးထိန်းသိမ်းခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း-AAPP ရဲ့ စာရင်းတွေ အရသိ ရပါတယ်။
အဲဒီထဲက ၁၃,၂၁၇ ဦးဟာ လက်ရှိချိန်ထိ အကျဥ်းထောင်အသီးသီးမှာ ထိန်းသိမ်းခံထားရဆဲ ဖြစ်တာ ကြောင့် လူသုံးထောင်ကျော် (၃၄၈၇ ဦး) သာ ပြန်လွတ်လာခဲ့တာပါ။

ဒါ့အပြင်စစ်ကောင်စီကြောင့် စုစုပေါင်းသေဆုံးသူ ၂,၆၈၈ ဦး ရှိပြီဖြစ်ပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းက ၁,၀၀၀ ကျော် ပါဝင် ပါတယ်။ ကလေးပေါင်း ၂၇၄ ဦး သေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးမှုရဲ့ ၁၀.၃ ရာခိုင်နှုန်းရှိတယ်လို့ AAPP ကဆိုပါတယ်။
Source- AAPP
Burma Associated Press
မြန်မာ
နိုင်ငံရေးအကျဉ်းသား
စစ်ကောင်စီ
အသတ်ခံရ
သေဆုံး
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း
Top News
ဘန်ကောက်မြို့၌ မေလတွင် 'Rainbow Dress' ပြပွဲ ကျင်းပမည်
လွန်ခဲ့သော ၆ ရက် က
နေရာပြောင်းရင် ဆက်ဆံရေးပြောင်းတဲ့ ပြည်သူ့ဆေးရုံပေါ်က ပုဂ္ဂလိကဝန်ထမ်းတွေ
လွန်ခဲ့သော ၂၀ ရက် က
Articles
Share With