Politics
မြဝတီ၌ ဖမ်းဆီးခံရသည့် လူငယ်ရဲဘော်များတွင် တစ်ဦး နှိပ်စက်ခံရသဖြင့် အသက်အန္တရာယ်စိုးရိမ်ရ
လွန်ခဲ့သော ၂ နှစ် က
ဇန်နဝါရီ ၁
စစ်ကောင်စီတပ်၏ သတင်းအချက်အလက်ရရှိရန် ၎င်းတို့နေထိုင်ရာအနီးတွင် စခန်းချစောင့်ကြည့် သတင်း အချက်အလက်ယူရင်း အသက်မပြည့်သေးသည့် ရဲဘော်လေးဦး ဖမ်းဆီးခံရပြီး နှိပ်စက်ခံထားရသဖြင့် တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိကာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း National Special Force က တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ရန်သူ့သတင်းအချက်အလက် ရရှိရန်အတွက် မြဝတီမြို့၊ ကြံ့ခင်းလမ်းနှင့် စစ်မှုထမ်းဟောင်းလမ်းအတွင်းရှိ အခြေစိုက်စခန်းတွင် နေထိုင်စဥ် ဒီဇင်ဘာ ၈ ရက်တွင် စစ်ကောင်စီက ဝင်စီးဖမ်းသွားခြင်း ဖြစ်ပြီး ယနေ့ ဇန်နဝါရီ ၁ ရက်မှ National Special Force က သတင်းထုတ်ပြန်ခြင်းဖြစ်သည်။
အဆိုပါအဖမ်းခံရသည့် ရဲဘော်လေးဦးတွင် ၁၈ နှစ်မပြည့်သေးသူနှစ်ဦးနှင့် အသက် နှစ်ဆယ်ကျော် နှစ်ဦး ပါဝင်ပြီး မဇင်ဇင်ထက် အသက် ၁၅ နှစ်၊ မောင်ထက်မြက်အသက် ၁၇ နှစ်၊ မောင်မျိုးမင်း အသက် ၁၉ နှစ်နှင့် ကိုကျော်သူဝင်းအသက် ၂၁ နှစ်တို့ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရဲဘော်လေးဦးအနက် သုံးဦးသည် မြဝတီရဲစခန်းတွင်ရှိနေပြီး မောင်မျိုးမင်းသည် စစ်ကြောရေးသို့ ခေါ်ဆောင်သွားခြင်းခံရကြောင်းသိရသည်။
"ကလေးတွေကို ရိုက်နှက်ထားပါတယ်။ မျက်နှာတွေမှာ စုတ်ပြတ်သတ်ပြီးညိုမဲနေတယ်လို့သိရတယ်။ လက်ရှိအခြေအနေအရသိထားပါတယ်။ လေးယောက်မှာတစ်ယောက်က ပြင်းပြင်းထန်ထန် နှိပ်စက်ခံထားရပါတယ်။ တစ်ယောက်ရဲ့ အသက်အန္တရာယ်ကို ကျွန်တော်တို့ စိုးရိမ်ပါတယ်" ဟု National Special Force မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါအဖမ်းခံရသည့် ရဲဘော်လေးဦးတွင် တစ်ဦးသာ စစ်သင်တန်းဆင်းဖြစ်ပြီး ကျန်သုံးဦးမှာ စစ်သင်တန်း တက်ဖူးခြင်း မရှိသေးကြောင်း NSF ထံမှသိရသည်။
နေအိမ်ဝင်ရောက်ဖမ်းဆီးခံရသောကြောင့် M4 16 တစ်လက်နှင့် 16 ကျည် အတောင့် ၂,၀၀၀ နီးပါး၊ ၉ လုံး တစ်လက်နှင့် ကျည် ၁၀၀၀ ကျော်အပါအဝင် အီနာဂါဗုံးသီး ၁၄ လုံး၊ လက်ပစ်ဗုံး ၆ လုံးနှင့် မော်တော်ကား probox တစ်စီးအပြင် သိန်းရာကျော်ဆုံးရှုံးသွားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
Related Articles
- စစ်ကိုင်းတိုင်း လူဦးရေ၏ ၁၅ ရာခိုင်နှုန်းမှာ စစ်ဘေးရှောင်ပြည်သူများဖြစ်လာ
- မန္တလေးတွင် တက်ကြွလူငယ်အချို့ စစ်ကောင်စီကို ဆန္ဒပြ
- Media Top 4 သတင်းဌာနတည်ထောင်သူ ဦးသူရိန်ကျော် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ
- မအူပင် နည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာကျောင်းသူ မရွှေခြူးဝိုင်းကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ် ချမှတ်