Politics
NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် မန်း PDF တပ်ရင်း (၅) ရင်း တွေ့ဆုံဆွေးနွေး
လွန်ခဲ့သော ၃ နှစ် က
မန္တလေး၊ ဇန်နဝါရီ - ၅
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများနှင့် ပြည်သူ့ ကာကွယ်ရေး တပ်မတော်(မန္တလေး) တပ်ရင်းများတွေ့ဆုံဆွေးနွေးခဲ့ကြောင်း မန္တလေး PDF က သတင်း ထုတ်ပြန်ထားသည်။
ယနေ့ ဇန်နဝါရီ ၅ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ဝန်ကြီးဌာန၏ တပ်ရင်း အမှတ်များဖြစ်သည့် (၁၂၀၁၊ ၁၂၀၂၊ ၁၂၀၃၊ ၁၂၀၄၊ ၁၂၀၅)စသည့် တပ်ရင်းများမှ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ယင်းတွေ့ဆုံပွဲတွင် ၂၀၂၃ ခုနှစ်အတွင်းပြုလုပ်မည့် စီမံချက်များနှင့် စစ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆုံးဖြတ် အတည်ပြုခဲ့ကြကြောင်း ဆိုထားသည်။
ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)သည် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင် စုဖွဲ့ထားသော တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး လက်ရှိတွင် တပ်ရင်း ၅ ရင်းဖြင့် စုဖွဲ့ထား ရှိသည်။ ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး)သည် တပ်ရင်းအသစ်များ တိုးချဲ့ စုဖွဲ့ရန်အတွက်လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Photos - မန္တလေး PDF
Burma Associated Press