Politics
တော်လှန်ရေးထိရောက်ပီပြင်မှုသည် NUG ခေါင်းဆောင်များ၏ အရည်အချင်းပေါ် မူတည်ကြောင်း ယာယီသမ္မတပြော
လွန်ခဲ့သော ၃ နှစ် က
ဘီအေပီ၊ ဇန်နဝါရီ ၄
တော်လှန်ရေးနှင့် အစိုးရအဖွဲ့၏လုပ်ငန်းစဉ်များထိရောက်ပီပြင်မှုရှိရေးသည် NUG အစိုးရအဖွဲ့ခေါင်း ဆောင်များ၏ အရည်အချင်းပေါ်မူတည်ကြောင်းယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
အဆိုပါအကြောင်းအရာကို အမျိုးသားညီညွတ်ရေးအစိုး ရ၏ ၈၁ ကြိမ်မြောက်အစိုးရ အဖွဲ့အစည်း အဝေးတွင် ပြောကြားခဲ့ပြီး၊ NUG အစိုးရအဖွဲ့ခေါင်း ဆောင်များ အနေဖြင့် ၂၀၂၃ ခုနှစ်တွင် အပြောနှင့်အလုပ် ကိုက်ညီရန် ကြိုးစားကြရမည်ဟု ဆိုသည်။
" ကျနော်တို့ အစိုးရအဖွဲ့ဝင်ခေါင်းဆောင်တွေအား လုံးဟာ အပြောနဲ့အလုပ်ညီအောင် ပြုမူကျင့်ကြံ ကြိုးစားကြဖို့ အထူးတိုက်တွန်းလိုပါတယ်။ ၂၀၂၃ ခုနှစ်မှာလည်း ယခင်နှစ်ဟောင်းကဲ့သို့ အလုပ်နဲ့ သက်သေပြပါလို့ နှိုး ဆော်ချင်ပါတယ်" ဟု ယာယီသမ္မတကပြောသည်။
လက်ရှိတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ကိစ္စအ ကြောင်းအရာများနှင့်ပတ်သက်၍ လူနှင့်မူ များကိုက်ညီခြင်း ရှိ/မရှိ စိစစ်သုံးသပ်မှုများလုပ်ဆောင်ရန်နှင့်၊ ပြည် သူလူထုထံမှရရှိသည့် အထွေထွေရင်းမြစ်များကို တော် လှန်ရေးအောင်မြင်ရန်အလေအလွင့် မရှိအောင်စနစ်တကျ စီမံကွပ်ကဲကြရန် အလွန်အရေးကြီးကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ၏အတိတ်သမိုင်းကြောင်းများတွင် လူနှင့်မူ ပြဿနာများကြီးကြီးမားမားရှိခဲ့ကြောင်း၊ အသွင်ကူး ပြောင်းရေးကာလကို ဖြတ်သန်းချိန်တွင်လည်း လူနဲ့မူ ပြဿနာများကို အပြီးသတ်ဖြေရှင်း မရခဲ့သည်များလည်း ရှိခဲ့ကြောင်း ဆိုသည်။
ထို့ပြင် နွေဦးတော်လှန်ရေးစတင်ချိန်ကာလများတွင် အခြေအနေအရမိမိတို့ ယုံကြည်ရသည့် လူအနည်းစုဖြင့် ဖွဲ့စည်းခဲ့ရသည့်အပြင် မတည်ငြိမ်သည့်ကာလများတွင် ရုန်းကန်ပြေးလွှားကြရင်း တော်လှန်ရေးကို လုပ်ကိုင်ခဲ့ရ သော်လည်း လက်ရှိတွင်ခုခံတော်လှန်ရေးလှိုင်းများကို မြှင့်တင်လာနိုင်ပြီဖြစ် ကြောင်း၎င်းကဆိုသည်။
" ထိရောက်တဲ့စီမံကွပ်ကဲမှုတွေ ဖြစ်ဖို့အတွက် ကျွန်တော်တို့အားလုံး စနစ်တကျလုပ်ဆောင်ရပါ လိမ့်မယ်။ ငွေ ကြေးသုံးစွဲမှုအပိုင်းမှာ အမှန်တကယ်လိုအပ်တဲ့နေရာမှာ သုံးစွဲတတ်ဖို့၊ အလေအလွင့် မရှိအောင် သုံးစွဲနိုင်ဖို့ နဲ့လက် ရှိဆောင်ရွက်နေသော ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးမှု ကိုတိတိကျကျ ခံယူဖို့ လိုပါတယ်" ဟု ယာယီသမ္မတကပြောသည်။
စီမံ/ဘဏ္ဍာ ကော်မရှင်၏ ငွေကြေးသုံးစွဲမှုဆိုင်ရာမူဝါဒ၊ စီမံ/ဘဏ္ဍာဝန်ကြီးဌာန၏ ငွေကြေးသုံးစွဲမှု ဆိုင်ရာ လမ်းညွန်ချက်များကို တိတိကျကျလိုက်နာရန်လိုအပ်ကြောင်းလည်း၎င်းက တိုက်တွန်းပြောကြားခဲ့သည်။