bap-logo
Politics

မြေပဲနှုတ်တောင်သူ သုံးဦး ရိုက်နှက်ဖမ်းဆီးခံရ၊ ပျူသင်တန်းအစည်းအဝေးကို မဟာမိတ်အဖွဲ့များ တိုက်ခိုက်

pvpnf11SU12WZGE9aWU5--image

လွန်ခဲ့သော ၃ နှစ် က

ဇန်နဝါရီ ၂၃

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဖုတ်ကုန်းရွာတောတိုက်တွင် ယမန်နေ့ (ဇန်နဝါရီ ၂၂ ရက်) က မြေပဲ နှုတ်နေသည့်တောင်သူအမျိုးသားသုံးဦးကို စစ်ကောင်စီနှင့် ပျူစောထီးများက ရိုက်နှက်ဖမ်းဆီးသွားပြီး ပျူသင်တန်းဖွင့်လှစ်ရန် အစည်းအဝေးပြုလုပ်နေသည့် စစ်ကောင်စီနှင့် ပျူစောထီးများကို မဟာမိတ် အဖွဲ့က တိုက်ခိုက်လိုက်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

 

ဇာဒီရွာတွင်အခြေစိုက်သည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့က ယင်းရွာနှင့် တစ်မိုင်ခန့်သာ ဝေးသော ဖုတ်ကုန်းရွာမှ မြေပဲနှုတ်နေသည့် ကျေးရွာသား ၂၀ ခန့်ကို ဖမ်းဆီးဖို့ကြိုးစားရာတွင် ထွက်မပြေးဘဲ ကျန်ရှိနေသည့် ကျေးရွာသား သုံးဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ဇာဒီရွာတွင် ပျူစောထီးသင်တန်းဖွင့်လှစ်ရန်ကြံစည်နေကာ အစည်းအဝေးကျင်းပနေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်များကို ကန့်ဘလူမဟာမိတ်ပူးပေါင်းအဖွဲ့က တိုက်ခိုက်လိုက်ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုသည်။

 

အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများဘက်က အထိအခိုက်ရှိပြီး မဟာမိတ် အဖွဲ့များ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း သိရသည်။

 

အထက်ပါအကြောင်းအရာများနှင့်ပတ်သက်၍ ဘီအေပီက သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

 

Photo - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

 

Burma Associated Press

 

 

 

စစ်ကိုင်း
ကန့်ဘလူ
အဖမ်းခံရ
ပျူစောထီး
ဒေသကာကွယ်ရေးတပ်ဖွဲ့
အရပ်သား

Share With
bap-logo