bap-logo
Politics

ကန့်ဘလူမြို့နယ်ရှိ စီးပွားရေး လုပ်ငန်းရှင်များထံမှ အခွန်ကောက်မည်ဟု ပ.အ.ဖ ထုတ်ပြန်

q1TtODVfH-ENA59TlOnqi-image

လွန်ခဲ့သော ၃ နှစ် က

ဇန်နဝါရီ ၂၃

 

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များထံမှ အခွန်ငွေ ကောက်ခံတော့မည် ဖြစ် ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့ (ဇန်နဝါရီ ၂၂ ရက်) က သတင်းထုတ်ပြန်သည်။

 

 

ယင်းအပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အခွန်ပေးရာတွင် ပါဝင်ပူးပေါင်းရန် တိုက်တွန်းကြောင်း ပါဝင် သည်။ 

 

 

အဆိုပါ မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များထံမှ အခွန်ဘဏ္ဍငွေများကို အမျိုးသားညီညွတ်ရေး အစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ချမှတ်ထားသည့်မူဝါဒ လမ်းညွှန်ချက်များနှင့်အညီ ကောက်ခံသွားမည်ဖြစ်ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က   အသိပေးထုတ်ပြန်သည်။

 

 

ထို့အပြင် လုပ်ငန်းရှင်များထံမှ ကောက်ခံရရှိလာသည့်အခွန်ဘဏ္ဍာငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနက ချမှတ်ထားသည့် မူဝါဒများနှင့်အညီ ထိရောက်စွာ သုံးစွဲသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါသည်။ 

 

 

၂၀၂၁ ခုနှစ် ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်တွင် အတည်ပြုပြဌာန်းထားသော ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် () ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအရ အမျိုးသားညီညွတ်ရေးအစိုးရက စီးပွားရေးလုပ်ငန်း ရှင်များ ထံမှ အခွန်ဘဏ္ဍကောက်ခံမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။

 

Burma Associated Press

ကန့်ဘလူ
အမျိုးသားညီညွတ်ရေးအစိုးရ
ဒေသကာကွယ်ရေးတပ်ဖွဲ့
စီးပွားရေးသမား
အကောက်ခွန်

Share With
bap-logo