bap-logo
Politics

ကသာမြို့နယ်တွင် စစ်ကောင်စီ ဗုံးကြဲမှု ကြောင့် ရွာသားရှစ်ဦးမီးလောင်သေဆုံးဟု ပကဖ ထုတ်ပြန်

Gi8Kn5YXNZlPkJJjDfEEY-image

လွန်ခဲ့သော ၃ နှစ် က

ဇန်နဝါရီ ၁၉

 

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ချောင်းဝရွာနှင့် မိုးဒါလေးရွာကြား၌ ယနေ့ မနက်တွင် စစ်ကောင်စီတပ်နှင့် မြို့လှ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း မြို့လှ PDF က သတင်းထုတ်ပြန်သည်။

 

လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်များက လက်ဦးမှုရရယူထားပြီး စစ်ကောင်စီတပ် ခလရ (၇၇) အဖွဲ့ကို ဝိုင်းဝန်းတိုက်ခိုက်ထားနိုင်ပြီဖြစ်ပြီး စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးများ ရှိကြောင်း ယင်းက ဆိုသည်။

 

ယမန်နေ့တွင် မနက် နာရီမှ ညနေ နာရီအထိ စစ်ကောင်စီတပ် ခလရ (၇၇) တပ်ရင်းမှူး စံရွှေဦးစီးသော အင်းအား ၇၂ ယောက်ပါအဖွဲ့နှင့် မိုးဒါးလေးဒေသခံပြည်သူကာကွယ်ရေးတပ်၊ ABSDF အပါအဝင် ဗိုလ်မိုးကြိုး ဦးဆောင်သောတပ်ခွဲ မြို့လှK PDF မဟာမိတ် သုံးဖွဲ့ပေါင်းပြီး တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်ခဲ့ကြောင်းသိရသည်။

 

"အကြမ်းဖက်စစ်ကောင်စီက ကြွက်မနိုင် ကျည်မီးရှို့ဆိုသလိုမျိုး အပြစ်မဲ့ပြည်သူတွေနေထိုင်တဲ့ မိုးဒါလေးရွာကို ညနေ နာရီမှာ ဗုံးကြဲချတယ်။ ပြည်သူ ဦးမီးလောင်သေဆုံးသွားရတယ်။ တစ်ယောက်က ကယ်ဆယ်ရေး လုပ်နေရင်း ပြင်းထန်ဒဏ်ရာနဲ့ဆုံးသွားတယ်" ဟု ဆိုသည်။

 

အဆိုပါတိုက်ပွဲဖြစ်ပွားချိန် ဇန်နဝါရီ ၁၈ ရက်နေ့က မိုးဒါလေးကျေးရွာကို ကောင်စီက jet fighter စီးဖြင့် ပေါင် ,၅၀၀ မီးလောင်ဗုံးများအပါအဝင်ပဒေသာဗုံးများ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ရှစ်ဦး မီးလောင် သေဆုံးရကြောင်း သိရသည်။

 

Burma Associated Press

စစ်ကိုင်း
အရပ်သား
စစ်တပ်
ဒေသကာကွယ်ရေးတပ်ဖွဲ့

Share With
bap-logo