bap-logo
Politics

ရေဦးတွင် စစ်ကောင်စီထောင်ခဲ့သည့် နင်းမိုင်းများကို ပကဖများ ရှင်းလင်း

Eoc72TXVS8QGzOSR9M0Tj-image

လွန်ခဲ့သော ၃ နှစ် က

ဇန်နဝါရီ ၁၈

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်တွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သော စစ်တပ်က နင်းမိုင်းများ ထောင်ထားခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ရှင်းခဲ့ကြောင်း ယနေ့တွင် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

 

အဆိုပါ နင်းမိုင်းများဘေးအန္တရာယ်မှ ဒေသခံပြည်သူများ ဘေးကင်းလုံခြုံစေရန် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ရွှေဘိုခရိုင်၊ တပ်ရင်း (၁၄) ရဲဘော်များက မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်သည်။

 

စစ်တပ်သည် တော်လှန်ရေးအင်အားစုများကို ထိန်းချုပ်ရန် ဖြတ်လေးဖြတ်စနစ်ကို ဆက်လက်ကျင့်သုံးနေပြီး စစ်ကြောင်းထိုးဝင်ရောက်နေကြောင်းသိရသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆နှင့် ၁၇ရက်များကလည်း စစ်တပ်သည် ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်စဉ် နှစ်ပေါင်း (၁၂၉) နှစ်သက်တမ်းကြာ မယ်တော်သခင်မဘုရားကျောင်း အပါအဝင် နေအိမ်များကို လေးကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

Burma Associated Press

အမျိုးသားညီညွတ်ရေးအစိုးရ
ဒေသကာကွယ်ရေးတပ်ဖွဲ့
မြေမြုပ်မိုင်း
စစ်ကိုင်း
စစ်တပ်

Share With
bap-logo