bap-logo
Politics

အမရပူရ ပုထိုးတော်ကြီးဘုရားနား ရောက်လာသည့် စစ်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ကြောင်း ပကဖ ထုတ်ပြန်

XNVsYXnhNMnsD_gGbhI8l-image

လွန်ခဲ့သော ၃ နှစ် က

ဇန်နဝါရီ - ၁၁

 

မန္တလေးတိုင်း အမရပူရမြို့နယ် ပုထိုးတော်ကြီးဘုရားအနားရောက်လာသည့် စစ်အုပ်စု ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force – NMD အဖွဲ့ကထုတ်ပြန်ထားသည်။

 

ဇန်နဝါရီ ၁၁ ရက်နေ့ ညနေ နာရီအချိန်ခန့်က အမရပူရမြို့နယ် ပုထိုးကြီးအရှေ့ဘက်အပေါက် ခေါင်းလောင်းကြီးအနီးတွင် စစ်အုပ်စု DCကားနှစ်စီး ဖြတ်သွားချိန်တွင် ချိန်ကိုက်မိုင်းနှင့် တိုက်ခိုက်ခဲ့ကြောင်း ဆိုထားသည်။

 

မိုင်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်အုပ်စု ကား စီးအနက်မှ နောက်ဆုံးကား တစ်စီးထိခိုက်ခဲ့ကြောင်း ဆိုထားသည်။

 

စစ်ကောင်စီဘက်ကလည်း အဆိုပါမိုင်းခွဲမှုကို ပကဖက ဘုရား ညောင်ပင်ကို မိုင်းခွဲသည့် ပုံစံအဖြစ် သတင်း ဖြန့်နေကြောင်း သိရသည်။

 

Burma Associated Press

 

မန္တလေး
မိုင်း
စစ်တပ်
ဒေသကာကွယ်ရေးတပ်ဖွဲ့

Share With
bap-logo