bap-logo
Politics

စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချနေရာအား ကန့်ဘလူမဟာမိတ်များ ဝင်ရောက်တိုက်ခိုက်

JhpYUKH_8ol0BxWcU42iF-image

လွန်ခဲ့သော ၃ နှစ် က

ကန့်ဘလူ၊ ဇန်နဝါရီ ၁၀။

 

 

ကန့်ဘလူ နတ်အင်းရွာ၌ အခြေချနေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ယမန်နေ့ နံနက်ပိုင်းနှင့် ညပိုင်းတွင် ကန့်ဘလူမဟာမိတ်အဖွဲ့များဝင် ရောက်တိုက် ခိုက်ခဲ့ကြောင်းသိရသည်။

 

 

" တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ပျူစောထီးများ ထိခိုက်မှုအခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်တယ်" ဟု ကန့်ဘလူမဟာမိတ်တပ်ဖွဲ့များမှ သိရသည်။

 

 

ယင်းစစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်များသည် ကန့်ဘလူမြို့နယ်ရှိ နတ်အင်းကျေးရွာနှင့် ညောင်ကိုင်း ကျေးရွာတွင် အထိုင်ချနေခြင်းဖြစ်သည်။

 

 

ယမန်နေ့ နံနက်ပိုင်းတွင်နတ်အင်းရွာတွင်အစည်းအဝေးပြုလုပ်နေသည့် စစ်ကောင်စီ တပ်နှင့် ပျူစောထီး များအား Kanbulu Underground Warriors ၊ မြေပြင်လှုပ်ရှားညီနောင်များ၊ လင်းယုန်နီနှင့် ကန့်ဘလူမြို့နယ် L-PDF မြေပြင်မဟာမိတ်အဖွဲ့များက ၆၀-မမ ဗုံးသီး (၇) လုံးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

 

ထို့ပြင် ယင်းနေ့ ညပိုင်းတွင်ညောင်ကိုင်းရွာ၌ အထိုင်ချနေသည့်စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ကိုလည်း ၆၀-မမ ဗုံးသီး(၅) လုံးဖြင့် ထပ်မံသွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

 

ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီမှလက်နက်တပ်ဆင်ပေးထားသည့် ဒေသခံပျူစောထီးများသည် ကျေးရွာ များရှိ ဒေသခံပြည်သူများအားလက်နက်အားကိုးဖြင့် ဖိအားပေးခြိမ်းခြောက်ကာပျူစောထီး သင်တန်းများ တက်ခိုင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ အနိုင်ကျင့်ဗိုလ်ကျခြင်းများအား လုပ်ဆောင်နေခြင်းဖြစ်သည်။

 

ဓာတ်ပုံ ။ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

 

Burma Associated Press

 

ကန့်ဘလူ
ပျူစောထီး
စစ်ကောင်စီ
ဒေသကာကွယ်ရေးတပ်ဖွဲ့
တိုက်ပွဲ

Share With
bap-logo