bap-logo
Politics

ရွေးကောက်ပွဲအတွက် စစ်ကောင်စီ၏ လူဦးရေစာရင်းကောက်ယူမှုကို ဆန့်ကျင်ရန် တော်လှန်ရေး တပ်ဖွဲ့များ နှိုးဆော်

W2qi_ElS9o7W9gLO-g3n3-image

လွန်ခဲ့သော ၃ နှစ် က

ဇန်နဝါရီ

 

စစ်ကောင်စီသည် တရားမဝင်အတုအယောင်ရွေးကောက်ပွဲအတွက် ဇန်နဝါရီ ရက်မှ ၃၁ ရက်ထိ တစ်အိမ်တက်တစ်အိမ်ဆင်း လူဦးရေစာရင်းကောက်ယူမှုပြုလုပ်ရန် ရှိနေပြီး ပြည်သူများအနေဖြင့် ပူးပေါင်း ပါဝင်ခြင်းမပြုရန် တော်လှန်ရေးအင်အားစုများက နှိုးဆော်ပန်ကြားကြောင်း ထုတ်ပြန်သည်။

 

အဆိုပါရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဥ်အဆင့်ဆင့်ကို လူထုအားဖြင့် တိုက်ဖျက်ဆန့်ကျင်ရမည် ဖြစ်ကြောင်း၊ အတင်းအဓမ္မခြိမ်းခြောက်မှုများရှိပါက အချက်အလက်အမှားသာပေးရန် တိုက်တွန်းထားသည်။

 

ထို့အပြင်စစ်ကောင်စီသည် ရွေးကောက်ပွဲအကြောင်းပြ၍ တော်လှန်ရေးရဲဘော်များအပါအဝင် CDM လှုပ်ရှားမှုတွင်ပါဝင်သည့် နိုင်ငံဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ ကျောင်းသားများကို ပစ်မှတ်ထားသည့် အပြင် မိသားစုဝင်များကို ရှာဖွေဖော်ထုတ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် စစ်ကောင်စီက မတရားဖမ်းဆီးခြင်း၊ ပိုင်ဆိုင်မှုများသိမ်းယူခြင်း၊ စောင့်ကြည့်ခြင်းတို့အပါအဝင် နှိပ်စက်၊ ဖိနှိပ်ရမ်းကားမှုများ ကျူးလွန်နိုင်ကြောင်း သိရသည်။

 

စစ်ကောင်စီ၏ လူဦးရေကောက်ယူခြင်းကို သတင်းပေးရန်နှင့် ပူးပေါင်းပါဝင်ကြသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူး များ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဒလန်သတင်းပေးများကို သေချာမှတ်သားထားပြီး အမျိုးသားညီညွတ်ရေး အစိုးရ၏ တရားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနထံ သတင်းပေး တိုင်ကြားရန် တော်လှန်ရေးတပ်ဖွဲ့ များက နှိုးဆော်ထားသည်။

 

Burma Associated Press

ရွေးကောက်ပွဲ
စစ်ကောင်စီ
မြန်မာ
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
အမျိုးသားညီညွတ်ရေးအစိုးရ

Share With
bap-logo