bap-logo
Politics

ကန့်ဘလူမြို့နယ် ချောင်းကြားရွာကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး

SLwlcSkc4AdN4Ki9vaSMQ-image

လွန်ခဲ့သော ၂ နှစ် က

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ချောင်းကြားရွာကို ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်း ခမရ- ၃၆၉နှင့် နောက်လိုက်ပျူများက မီးရှို့ဖျက်ဆီးသွားကြောင်း ကျွန်းလှကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။
 
စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ချောင်းကြားရွာမှ ပြည်သူပိုင်နေအိမ် ၈ လုံးနှင့် စပါးကျီများ မီးလောင်ပျက်ဆီးခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
 
စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၁၀၀ ခန့်သည် ယမန်နေ့ နေ့လယ်ပိုင်းတွင် ချောင်းကြား ရွာထဲသို့ လက်နက်ကြီး​ဖြင့် ပစ်ခတ်ဝင်‌ရောက်ခဲ့ခြင်း ဖြစ်သည်။
 
အဆိုပါစစ်​ကောင်စီစစ်ကြောင်းက ချောင်းကြားရွာမှ မြောက်ဘက်သို့ ထွက်ခွါသွားပြီး ပင့်သာရွာ နားတွင် တပ်ချနားနေကြောင်း သိရသည်။
 
စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများတွင် စစ်ကြောင်းထိုးလျက်ရှိပြီး ပြည်သူ ပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိရာ နေအိမ်ပေါင်း ၂၀၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။
 

 

မြန်မာ
မီးရှို့ခံရ
အရပ်သား
ကန့်ဘလူ

Share With
bap-logo