Politics
မုံရွာတွင် စစ်ကောင်စီတပ်သားများ KTV ရောက်နေစဉ် ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်းပကဖ ဆို
လွန်ခဲ့သော ၃ နှစ် က
ဇန်နဝါရီ - ၈
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များ KTVဆိုင်ကို လာရောက်စဉ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း Black Rangers Forceက သတင်းထုတ်ပြန်ထားသည်။
မနေ့က (ဇန်နဝါရီ ၇ ရက်) စစ်ကောင်စီတပ်အား ထောက်ပံ့လက်ခံထားသော မုံရွာမြို့ရှိ Super One KTV ကို လက်ပစ်ဗုံးဖြင့် ပစ်ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စု၏ ကား ၂ စီးပျက်ဆီးသွားကြောင်း ယင်းကဆိုသည်။
ယင်း စစ်ဆင်ရေးကို မုံရွာသံမဏိပြောက်ကျားတပ်ဖွဲ့က အမေ့သား ဦးဆောင်ပြီး Black Rangers Force က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုထားသည်။
အဆိုပါ KTVကို ယခင်ကလည်း အကြိမ်ကြိမ် သတိပေးသည့်အနေဖြင့် အသေးစားပစ်ခတ်မှုများ ပြုလုပ်ခဲ့ ကြောင်း၊ စစ်ကောင်စီတပ်များကို ထောက်ပံ့လက်ခံခြင်းအား ရပ်တန့်၍ ဆိုင်အား အချိန် အကန့်အသတ်တစ်ခုထိ ပိတ်ပေးရန်လည်းBlack Rangers Force(BRF)က အသိပေးထားသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
Burma Associated Press