bap-logo
Politics

အင်းမရွာအား စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင် ၁၅၀ ဝန်းကျင်ကဒုတိယအကြိမ် မီးရှို့ဖျက်ဆီးနေ

xwP11JyUAbRYX7ilIhSLt-image

လွန်ခဲ့သော ၃ နှစ် က

ဇန်နဝါရီ ၂၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ အင်းမရွာအား ယနေ့မနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး အဖွဲ့ဝင် ၁၅၀ ဝန်းကျင်က ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးနေကြောင်းသိရသည်။

 

အဆိုပါကျေးရွာကို ယနေ့မနက် ၁၀ နာရီ ၅၅ မိနစ်တွင် ကျွန်းလှမြို့နယ်၊ လယ်လှနှင့်ကံပေါက်ရွာဘက်မှ အင်အားဖြည့်ကာ ထွက်လာသော စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ၃၆၈ နှင့် ပျူစောထီး စုပေါင်း အင်အား ၁၅၀ ခန့်ပါသည့် စစ်ကြောင်းက ဝင်ရောက်နေခြင်းဖြစ်သည်။

 

"စစ်ကောင်စီစစ်ကြောင်းသည် ၁၁ နာရီ ၁၅ မိနစ်တွင် အင်းမရွာအား အကြမ်းဖက်မီးရှို့ ဖျက်ဆီးနေကြောင်း သိရသည်။ အင်းမရွာသည် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းကို ဒုတိယအကြိမ် ခံရခြင်းဖြစ်သည်" ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်မှဆိုသည်။

 

အိမ်ခြေ ၂၄၀ ရှိသည့် အဆိုပါအင်းမကျေးရွာကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်တွင် စစ်ကောင်စီတပ်မှ ပထမ အကြိမ် အကြမ်းဖက်ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် အပြစ်မဲ့ပြည်သူပိုင်နေအိမ် ၈၅ လုံး မီးလောင် ပျက်ဆီးခဲ့သည်။

 

ထို့အပြင် ယင်းစစ်ကောင်စီစစ်ကြောင်းသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ လက်ရှိအချိန်အချိန်ထိ ကန့်ဘလူ မြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းအား အကြမ်းဖက်စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး၊ ကျေးရွာပေါင်း ရွာမှ အပြစ်မဲ့ပြည်သူနေအိမ်များ နှင့် စစ်ရှောင်တဲများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

 

" အဲ့ဒီက ပြည်သူ ၁၁ ဦးကို အကြမ်းဖက်နှိပ်စက် မီးရှို့သတ်ဖြတ်ပြီး၊ ဖမ်းဆီးနှိပ်စက်ခံရတဲ့ အမျိုးသမီး ဦး ထွက်ပြေး လွတ်မြောက်ခဲ့တယ်။ ဂါးဂလော်ရွာကဖမ်းဆီးခံ အမျိုးသမီး ၂ ဦးကတော့ ဒီနေ့ထိ ပျောက်ဆုံးနေဆဲ ဖြစ်တယ်" ဟု ယင်းအဖွဲ့အစည်းထံမှသိရသည်။

 

အဆိုပါ စစ်‌ကောင်စီစစ်ကြောင်းကြောင့် အင်းမ၊ ပင့်သာ၊ ဖလားရ၊ ချောင်းကြားနှင့် ရှမ်းကုန်းရွာ စသည့် ကျေးရွာ ရွာမှ အပြစ်မဲ့ပြည်သူများအိုးအိမ်စွန့်ခွာကာ၊ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

 

Photo Credit- ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်

 

Burma Associated Press

ကန့်ဘလူ
စစ်တပ်
မီးရှို့ခံရ
အရပ်သား
အိမ်
ဒုက္ခသည်

Share With
bap-logo