Politics
ကေအဲန်ယူအုပ်ချုပ်မှုနယ်မြေမှ ဒေသခံ သုံးဦး အကြောင်းမဲ့ ဖမ်းဆီးခံရ
လွန်ခဲ့သော ၂ နှစ် က
ဧပြီ ၂၇။
ကရင်အမျိုးသားအစည်းအရုံး- ကေအဲန်ယူ၊ ခလယ်လွီထူခရိုင်အတွင်းရှိ ဒေသခံသုံးဦး ယမန်နေ့ ဧပြီ ၂၆ ရက်က စစ်ကောင်စီတပ်ဖွဲ့၏ အကြောင်းမဲ့ ဖမ်းဆီးခြင်း ခံရသည်ဟု ကေအဲန်ယူ-ဗဟိုက အသိပေးသည်။
ဖမ်းဆီးခံရသူများတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး နှစ်ဦးပါဝင်ပြီး မူးမြို့နယ်အတွင်းရှိ ညောင်ပင် သာရဲစခန်းတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ကေအဲန်ယူက ဆိုသည်။
တစ်ရက်တည်းမှာပင် စစ်ကောင်စီတပ်က မူးမြို့နယ်ထဲကို လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်ခဲ့သည့် အတွက် အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်ဟု သိရသည်။
ပုံစာ- ဧပြီ ၂၆ ရက်က စစ်ကောင်စီ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူတစ်ဦး
ကရင်အမျိုးသားအစည်းအရုံး
အရပ်သား
သေဆုံးခဲ့
လက်နက်ကြီး
Related Articles
Top News
အမှောင်ထဲက ထောင်ချောက်များ (Dark Patterns)
လွန်ခဲ့သော ၃ ရက် က
အမေရိကန်နှင့် အစ္စရေးတို့ စနေနေ့တွင် အီရန်နိုင်ငံကို တိုက်ခိုက်မှု စတင်
လွန်ခဲ့သော ၉ ရက် က
Articles
Share With