bap-logo
Politics

ပုသိမ်ထောင် ဖြစ်စဉ် နိုင်ကျဉ်း ၆၀ ခန့်အား စစ်ကောင်စီတပ်မှ နှိပ်စက်ညှဉ်းပမ်းထားဟုဆို

cRIJw9CkfNcdjqp1qvNAF-image

လွန်ခဲ့သော ၃ နှစ် က

ဇန်နဝါရီ

 

ယမန်နေ့က ဖြစ်ပွားခဲ့သည့် ပုသိမ်အကျဉ်းထောင်တွင်း ဖြစ်စဉ်တွင် စစ်ကောင်စီတပ်က နိုင်ငံရေး အကျဉ်းသား ၆၀ ခန့်ကို ရိုက်နှက် နှိပ်စက်ထားပြီး ဆေးကုသမှုမပြုဘဲ ထားရှိကြောင်း အကျဉ်းထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

 

ယမန်နေ့တွင် ပုသိမ်ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများထံမှ လက်ကိုင်တယ်လီဖုန်း တွေ့ရှိသည်ဆိုကာ အကျဉ်းသား ဦးအား ဖမ်းဆီးခေါ်ဆောင် နှိပ်စက်ပြီးနောက် အဆောင်သို့ ပြန်လည်ပို့ဆောင်ရာတွင် နိုင်ငံရေး အကျဉ်းသား ဝင်းမင်းထက် ( ) မဲကြီး (၃၁) နှစ် ( ) ဦးဝင်းမြင့် ပုဒ်မ ၅၂(က) ပုသိမ်မြို့ ()ရပ်ကွက် နေထိုင်သူ မှာ ပြန်မပါလာဘဲ ပျောက်ဆုံးကျန်ရစ်နေသဖြင့် မေးမြန်းတောင်းဆိုရာမှာ အကျဉ်းထောင်တွင်း ဆူပူမှု ဖြစ်ပွားခဲ့ ခြင်း ဖြစ်သည်။

 

" နိုင်ကျဉ်းတစ်ယောက်ကို သေဒဏ်ပေးဖို့ ကြိုးစင်ဆောက်တာကို ကန့်ကွက်ရာက စဖြစ်တာပဲ။ စစ်ကောင်စီက ထုတ်ပြန်သလို လက်ကိုင်ဖုန်းမိတယ်ဆိုတာ အလကား။ အရင်ကလည်း ခုလိုပဲ လက်ကိုင်ဖုန်းတွေ သွင်းလိုက်၊ ဖမ်းလိုက် ဒီကောင်တွေပဲ ငွေရှာဂွင်လုပ်နေတာ' ဟု အကျဉ်းထောင်နဲ့ နီးစပ်သူ တစ်ဦးက ဆိုသည်။

 

လက်ရှိတွင် စစ်ကောင်စီက ထောင်တွင်းနှိပ်စက် ပြစ်ဒဏ်ပေးထားသည့် နိုင်ငံရေးအကျဉ်းသား ၆၀ ခန့်သည် လက်ကျိုး၊ ခြေကျိုး၊ ခေါင်းကွဲ စသည့် ဒဏ်ရာများ ရရှိထားပြီး ဆေးကုသခွင့် မရကြောင်း၊ အရေးပေါ်ကုနေမှု ခံယူနေရသည့် အကျဉ်းသား ဦးခန့် ရှိနေပြီး မဲကြီးမှာ လက်ရှိအချိန်ထိ သတင်းမရဘဲ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်းသိရသည်။

 

Burma Associated Press

ပုသိမ်
ထောင်
အကျဉ်းသား
ညှင်းပမ်းနှိပ်စက်
စစ်ကောင်စီ

Share With
bap-logo