bap-logo
Politics

ပုသိမ်အကျဉ်းထောင် ဆူပူမှုဖြစ်၊ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လူသေဆုံးမှုရှိဟုဆို

P-QukvisG1y2HnkEGW26Y-image

လွန်ခဲ့သော ၃ နှစ် က

ဇန်နဝါရီ

 

ပုသိမ်အကျဉ်းထောင်အတွင်း ဆူပူမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်၏ အကြမ်းဖက် ကျူးလွန်မှုကြောင့် နိုင်ငံရေးအကျဉ်းသားအချို့ သေဆုံးမှုရှိနေကြောင်း အကျဉ်းထောင် အသိုင်းအဝိုင်းနှင့် နီးစပ်သူ အချို့ထံမှ သိရသည်။

 

ဖြစ်စဉ်မှာ ယမန်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ထားရှိရာနေရာအတွင်း လက်ကိုင်တယ်လီဖုန်း ရှာဖွေ တွေ့ရှိသည်ဟူသော အကြောင်းပြချက်ဖြင့် ယနေ့နံနက်ပိုင်းတွင် နိုင်ငံရေး အကျဉ်းသား ဦးအား စစ်ဆေးရန် စစ်ကောင်စီတပ်မှ ခေါ်ဆောင်သွားခဲ့ကြောင်း ယင်းနောက်တွင် ဦးသာ ပြန်လည် ရောက်ရှိလာပြီး တစ်ဦးမှာ ပျောက်ဆုံးခဲ့ကြောင်း၊ ပြန်လည်ရောက်ရှိလာသူ ဦးသည်လည်း ပြင်းထန် စိုးရိမ်ဒဏ်ရာများ ရရှိလာခဲ့ပြီး ယင်းအနက် တစ်ဦးသည် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း သိရသည်။

 

ထိုဖြစ်စဉ်အတွက် အကျဉ်းထောင်တွင်း ကျန်ရှိသည့် နိုင်ငံရေး အကျဉ်းသားများမှ မေးမြန်းတောင်းဆိုရာမှ ဆူပူမှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေနတ်ပစ်ဖောက် နှိမ်နှင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

"နောက်ထပ် လူတချို့လည်း ဖမ်းခေါ်သွားတယ်ပြောတယ်။ အတိအကျတော့ မသိရသေးဘူး။ ဖြစ်စဉ်ကတော့ မနေ့ကထဲက စတယ်ပြောတယ်" ဟု ပုသိမ်အကျဉ်းထောင်နှင့် နီးစပ်သူ တချို့က ပြောသည်။

 

ဖြစ်စဉ်အသေးစိတ်နှင့်ပတ်သက်၍ ဘီအေပီမှ အတည်ပြုနေဆဲဖြစ်သည်။

 

Burma Associated Press

ပုသိမ်
အာဏာသိမ်း
ထောင်
အကျဉ်းသား
အသတ်ခံရ

Share With
bap-logo